*ဆင်း *
ကျနော့်ကို ဖုန်းဆိုင်အကြီးကြီးတစ်ဆိုင်ရှေ့ရပ်ပေးကာ ဆင်းဆိုပြီး သူအရင်ဆင်းကာ ကားတံခါးလာဖွင့်ပေးလေသည် ကျနော်လည်း သူဘာလုပ်မယ်မှန်းမသိ၍ ခပ်သွက်သွက်သာ ဆင်းလာလိုက်သည် ကျနော် ကားပေါ်ကဆင်းသည်နှင့် လက်ကိုလာဆွဲကာ ဆိုင်ထဲသို့ဝင်လာလေသည် ဆိုင်တံခါးကို ဖွင့်ပေးသည့် ကောင်မလေးနှစ်ယောက်ကို သူကဘယ်လိုမှမပြောပေမယ့် ကျနော်ကပြုံးပြခဲ့သေးသည် ဆိုင်ထဲဝင်လာသည်နှင့် အချို့ကောင်မလေးတွေက တိုးတိုးနှင့် တမာန့်အားကြည့်ကာ ပြောနေကြလေသည်
*နောက်ဆုံးထွက်ထားတဲ့ ဖုန်းတစ်လုံးလောက်ပြပေး*
*ဟုတ်ကဲ့ပါ*
ဖုန်းရောင်းသည့်နေရာမှာရပ်နေသည့်ကောင်မလေးက မှန်ထဲထဲထားသည့် ဖုန်းလှလှလေးကို ထုတ်ပေးလေသည် ဘောင်ချာတွေဘာတွေရှင်းပြီးသည်နှင့် တမာန်က သူ၏ကတ်အနက်ရောင်ကြီးကို ထုတ်ပေးလိုက်တော့ ကောင်မလေးတွေ မျက်လုံးတွေကအရောင်တွေထွက်လာသလို ဒါကဘာကတ်ကြီးမို့လို့လဲ
*ဟို ဟို ကိုတမာန်တော် ညီမတို့နဲ့ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပေးနိုင်မလား*
ကျနော်အံ့ဩသွားရသည် တမာန်ကဒီလောက်နာမည်ကြီးနေမှန်းကျနော်တကယ်မသိပါ ကောင်တာကမိန်းကလေးပေးသည့် ကတ်အနက်ကိုပြန်ယူကာ ဓာတ်ပုံရိုက်ဖို့တောင်းဆိုနေသည့် မိန်းကလေးတွေထံကြည့်လာလေသည်
*ငါကမင်းသားမဟုတ်ဘူး သရုပ်ဆောင်လဲ မဟုတ်ဘူး မင်းတို့နဲ့ ဓာတ်ပုံရိုက်နေတဲ့အချိန်မှာ ပျော်တော်ဆက်ကစောင့်နေရမှာ သူ့အချိန်ကငါ့တယောက်ထဲအတွတ်ပဲ မင်းတို့နဲ့ငါဓာတ်ပုံရိုက်ပြီးတဲ့အထိသူ့ကိုမစောင့်ခိုင်းနိုင်ဘူး အိုခေ?*
ကျနော်မှာမျက်လုံးပြူးသွားရသည် ဓာတ်ပုံလေးတစ်ပုံရိုက်ဖို့ဘယ်လောက်မှကြာတာမှမဟုတ်တာ အခုတော့ အားနာရပြီ သူကဘယ်လိုနေမလဲမသိပေမယ့် ကျနော်ကတော့မျက်နှာတွေပူလာမိကာ သူဆွဲခေါ်သည့်နောက်သာ ကောက်ကောက်ပါအောင်လိုက်ရလေသည်
*ဟယ့် တမာန်တော်ကြီးက မိုက်လိုက်တာ ငါတကယ်ကြိုက်သွားပြီ အားးးး*
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Roman pour Adolescentsအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...