*ဆက် ငါတို့ ကလပ်သွားရအောင်*
ကျနော် မနေ့ကအကြောင်းတွေးကာ ခုံလေးပေါ်ထိုင်နေတုန်း မိုရ်ကရောက်လာကာ ကလပ်သွားဖို့ လာခေါ်ခြင်း မနေ့ညက ကိုကိုနဲ့ ဖုန်းပြောရသော်လည်း ကိုယ့်စိတ်ကို မလုံကာ ငိုချင်နေခဲ့ရသည်
*ဟဲ့ လိုက်မလားလို့*
ကျနော့်လက်မောင်းကို တွန်းကာ ပြောလာခြင်းကြောင့် မို့ရ်ဘက်လှည့်ကြည့်လိုက်ရသည် မိုရ်ကချမ်းသာသူမို့ သူတပါး၏ အရိပ်အကဲကို မကြည့်တတ်ပဲ သူလိုချင်တာသာ ပြောတတ်သည်
*ငါ မလိုက်ချင်ဘူး အဲ့လောက်နောက်ကျရင် အိမ်ကမရဘူးဟ နင်လဲအသိပေး*
*ငါပြောပေးပါ့မယ် လိုက်ခဲ့ပါဟာ နော် နော် လို့ ဆက် နော်*
ကျနော့်လက်မောင်းတွေကို ကိုင်ကာ လှုပ်ခါရမ်းပြီးပြောလာခြင်းကြောင့် ကျနော်ခေါင်းညိမ့်လိုက်ရသည် မေမေကြီးတို့က မိုရ်ပြောရင်တော့ ရလေသည် ရမှာပေါ့ မိုရ်ကပိုက်ဆံတွေဘာတွေ လက်ထဲထည့်ပေးတာကို
*ဟဲ့ အဲ့တာဆိူ ငါတို့၈နာရီလောက်သွားကြမယ်ဟာ အဲ့ကလပ်က ပိုင်ရှင်ကအရမ်းချောတယ် ကြားတယ်ဟ *
*အင်းပါ ငါသိပြီ *
ကျနော်မို့ရ်နားက ထကာ အခန်းထဲပြန်ဝင်ခဲ့သည် ညကျအပြင်ထွက်မှာကို တမာန့်ကိုဘယ်လိုပြောရမှန်းမသိသေးပါ
မနေ့ညကတော့ သူဒီနေ့အလုပ်နဲနဲရှုပ်တယ်လို့တော့ ပြောထားတာပင် ညကျမအားရင်လဲ ကောင်းမယ် ကျနော် ကလပ်သွားတာ သိရင် သူကျနော့်ကို ဆူမှာ အတိအကျပင်
စိတ်တွေလေးလိုက်တာကွာ_____________________
*လာကြ *
ကလပ်ဆိုတာမျိုး မရောက်ဖူး၍ မို့ရ်၏သူငယ်ချင်းတစ်သိုက်ခေါ်ရာနောက်သို့သာ ယောင်နနနဲ့ လိုက်ခဲ့ရသည် မိုရ်ကတော့ အပေါ်ပိုင်းကရင်ပြတ်နှင့်အောက်က ဝတ်ထားတာကလဲ ပေါင်ရင်းရောက်နေလေပြီ ကျနော်တို့အဖွဲ့ထဲက မိန်ူကလေးတွေက ကြည့်ရဲစရာပင်မရှိအောင် ဝတ်ထားကြကာ ယောကျာ်းလေးတွေကတော့ တဟူးဟူးတဟားဟား နှင့်ပင်
*လာပါ ဆက်ရာ *
အခန်းထဲဝင်သွားလိုက်သည်နှင့် မီးရောင်တွေတဖြတ်ဖြတ်လက်ကာ မှောင်မဲနေလေသည် မီးရောင်က ဖြတ်ခနဲ ဖြတ်ခနဲဖြစ်သွား၍ ကျနော့်မှာ မျက်စိစူးလာရသည် လမ်းတွေလဲ မမှတ်မိတော့ပေ
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Teen Fictionအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...