ဒီနေ့ ဒိတ်ချင်တယ် ဆိုတဲ့ ကိုကို့စကားကြောင့် သူ အတန်းဖျတ်ပြီး ကျောင်းရှေ့က စောင့်နေရလေသည်။ မေ့ကိုတော့ ဘာမှမပြောခဲ့ပေမယ့် အခုတလော မေကလဲ ကျနော့်ကို မကြည်သလိုပင်။ ဘာကြောင့်လဲဆိုတာတော့ ကျနော်ကိုာ်တိုင်ပင် မသိ။
*ဘာစောင့်နေတာလဲ ချာတိတ်*
ဆက် ကျောဘက်ကနေ အရမ်းနီးကပ်လွန်းသည့် အခြေအနေနှင့် စကားသံကိုကြားလိုက်ရ၍ အနောက်ပို အလန့်တကြား လှည့်ကြည့်မိလိုက်သည်။ ရုပ်က တစ်ကမ္ဘာလုံး သူ့လုပ်စာ ထိုင်စားမေရတဲ့ ပုံစံနဲ့ မုန်းမာန်ဆိုသည့်လူ။
*ချာတိတ် မဟုတ်ဘူးဗျ ခင်ဗျားထက်လဲ အသက်ကြီးမယ်ထင်တယ် စကားပြောဆင်ခြင်ပါ၊ ပြီးတော့ ကျနော့်အနားကို ဒီလောက် မကပ်ပါနဲ့ ကျနော် မကြိုက်ဘူး*
*ရော် ချာတိတ်မကြိုက်လဲ ကိုယ်ကြိုက်တယ်လေ*
*ခင်ဗျား !*
ဘာလဲ ပြော ဆိုသည့်သဘောဖြင့် မျက်ခုံးတွေ ပင့်ပြလေသည်။ တစ်ကယ်ပါ အဲ့ပုံစံကို အခြားကောင်မလေးတွေ မြင်ရင် ကြွေကျသွားနိုင်ပေမယ့် ဆက် ကတော့ မျက်နှာကိုသာ ပြေးထိုးချင်လာသည်။ နူးညံ့ပါသည် ဆိုတဲ့ ပျော်တော်ဆက်က မုန်းမာန်နှင့်ကျမှ ဘီလူးဆိုင်း တီးနေရလေသည်။
*ကျနော့်အရှေ့က ထွက်သွားပေး ကိုကို လာခေါ်မှာမလို့*
ကိုကိုသာ ဒီအခြေအနေကို မြင်လျှင် ဒေါသထွက်ပြီး ထိုးကြိတ်ကြမှာ မြင်ယောင်မိသည်။ ထိုလူကလဲ ပေကပ်ကပ်နဲ့ ရပ်နေတုန်းပင်။ အဲ့လိုပုံစံ ထောင့်မကျိုးတာတွေကြောင့် သူ ကြည့်မရခြင်းပင်။
*အဟက် !"
မုန်းမာန် ခြောက်ကပ်စွာ ရယ်မိလိုပ်သည်။ အရှေ့က ယုန်လေးကတော့ စိတ်တွေတိုနေပြီး မျက်နှာလေး ရဲနေလေပြီ။
*Ok အဲ့လောက် ဒေါသမထွက်စမ်းပါနဲ့ ဘေဘီရယ် မင်းက ဒေါသထွက်နေရင်တောင် ဖက်နမ်းပစ်ချင်စရာ ကောင်းလောက်အောင် သိပ်လှတာ*
*ခင်ဗျား ! လွန်မလာနဲ့ မုန်းမာန် *
ကိုကိုကလဲ ခုထိ မလာသေးတာကိုပဲ ကျေးဇူးတင်ရမလို။ အရှေ့က ကောင်က ပြီတီတီနဲ့ ဆွဲထိုးချင်စရာ လုပ်နေလေသည်။
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Novela Juvenilအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...