*ဆက် ဆက်လေး ဒါလေးလက်ခံပေးပါကွာ*
*ကျ ကျနော်လက်မခံပါရစေနဲ့*
ဆက် ခြေလှမ်းကို ခပ်မြန်မြန်လှမ်းပေမယ့် အနောက်ကတစ်ယောက်ကတော့ တစ်ချက်လေးတောင်မခွာပေ အရင်ကထဲကလည်း မိန်းကလေးမဟုတ်ပေမယ့် ဒါမျိုးတွေခနခနကြုံရသည် ထိုအချိန်တိုင်း တမာန်ကရောက်လာပြီး ရုံးခန်းရောက်ရသည်အထိပင် အခုလည်းလမ်းတစ်လျှောက် လူကသိပ်မပြတ်၍ ရွံရှာသလိုအကြည့်နှင့်ကြည့်ခံနေရလေပြီ
အခုလည်း တမာန်ကအလုပ်ကိစ္စရှိ၍ဆိုပြီး မလိုက်လာသည်ကို ထိုလူကသိသည့်အလား ဆက်လက်ထဲကို စာကိုအတင်းထိုးထည့်နေကာ လက်ကိုကိုင်မတတ်ပင်
*မ မဖြစ်လို့ပါ ကျ ကျနော်က ယောကျာ်းလေးပါ*
ခြေတွေလက်တွေတုန်လာသလို မျက်ရည်တွေကပါဝိုင်းလာရပြီ မိန်းကလေးတွေထက်ပင် ပိုပြီးဖြူဉနေသည့် အသားအရေနှင့်မျက်နှာကပါ အပြစ်ဖြစ်နေသလား
*သိပါတယ် ဒါပေမယ့်ကိုယ်ကဆက်ကို အရမ်းချစ်နေတယ်လေကွာ ကိုယ့်ကိုအဖြေပေး*
*အဲ့ အဲ့လိုမလုပ်ပါနဲ့ *
ထိုလူက ကျနော့ရှေ့လာရပ်ကာ လူလည်းပြတ်နေ၍ အကြောက်အလန့်မရှိသလို လက်ကိုအတင်းကိုင်ထားလေသည် ဘာမှသိပ်မစားပဲ ဖြူဖျော့ဖျော့နဲ့ကျနော်က ထိုလူ့လက်ထဲက ရုန်းမထွက်နိုင် အခုအခြေအနေကို ကျနော်တကယ်ရှက်ပါသည် ယောကျာ်းလေးဖြစ်ပြီး ယောကျာ်းတစ်ယောက်ဆီကအခုလိုအပြုအမူမျိုးကို တကယ်ရှက်သည်
*ခွပ် ခွပ်*
မျက်စိတစ်မှိတ်အတွင်း ဘာဖြစ်မှန်းမသိသလို ကျနော့်လက်လေးကလဲ ဆုပ်ကိုင်မှုထဲက လွတ်မြောက်သွားသလို ဟိုလူကမြေပြင်ပေါ်တွင် လဲနေကာ တမာန်ကအားရပါးရထိုးနေလေသည် အောက်ကလူကပြန်မတွန်းလှန်နိုင်သလို တမာန့်၏ထိုးနှက်မှုများက သားရဲတစ်ကောင်အလား
*တမာန် အ အရမ်းမလုပ်နဲ့ သေ သေသွားလိမ့်မယ် ဟင့် တ တမာန် *
အောက်ကလူဆီမှ သွေးတွေထွက်နေသည်မှာ မြင်မကောင်းတော့ လူရှင်းနေသည့်အတွတ် ဒီအခြေအနေကိုလည်း မည်သူကမှမတားနိုင်
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Fiksi Remajaအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...