ဒီနေ့တမာန်က ကျောင်းမလာပေ ကျောင်းကလာတရက် မလာတစ်ရက်ပေ
မိုရ်ကတော့ အခုတလော တမာန်ရော တမာန်ရော ဟုမေးတာ ပါးစပ်ကမချပေ*ဟဲ့ ပျော်တော်ဆက် တမာန်ရော မလာပြန်ဘူးလား*
*ငါမသိဘူးလေ သူအလုပ်ရှိလို့နေမှာပေါ့*
ကျနော့်အလာကို တမင်များစောင့်နေသလားပင်မသိ မိုရ်က ကျနော့ထက် တမာန့်ကိုပိုခင်သလို တမာန့်ကိုတစ်ဖတ်သတ်ပင်သဘောကျနေလေသည်
*အေးနော် ခုဆိုတမာန်က အရမ်းချမ်းသာတဲ့သူဖြစ်နေပြီ သတင်းတွေအင်တာဗျူးတွေဆိုလဲ သူပဲသိလား တမာန့်ကိုလိုချင်နေတဲ့မိန်းမတွေကလဲ ဝိုင်းနေတာပဲ တမာန်ကလဲအရင်ကထက်ပိုတောင်ကြည့်ကောင်းနေလိုက်တာဟာ*
မိုရ်ကတော့ ပြောလည်းပြော သူမ၏ဆံပင်လိမ်လိမ်လေးတွေကိုလက်ဖြင့်နောက်ကိုပို့လိုက်သေးသည် ပြီးတာနှင့်ခုံတစ်ခုမှာဝင်ထိုင်၍ ကျနော်ပါလိုက်ထိုင်လိုက်ရသေးသည်
*ဟိုတနေ့ကငါ့လာတွေ့သေးတယ် *
*ဟယ် ဟုတ်လား တမာန်စုတ်ငါ့ကျပစ်ထားတယ်အဲ့ကောင်က နင့်များကြိုက်နေလားမသိဘူးတကယ်ပဲ*
သူမပြောလိုက်သောစကားကြောင့် ကျနော်မျက်လုံးပြူးသွားသည် သူမများသိနေခဲ့တာလားဆိုပြီး
*မ မဟုတ်ပါဘူး နင်ကလဲဟာ*
မိုရ်ကတော့မဲ့ရွဲ့ပြကာ ဖုန်းကိုထုတ်ပြီးfacebookကြည့်နေလေသည် ကျနော်ကတော့ဖုန်းတောင်မရှိ၍ ဟိုလူ့ငေးဒီလူ့ငေးသာ
ထိုစဉ်ကျနော်တို့ရှေ့ကဖြတ်လျှောက်သွားပြီး ခုံမှာဝင်ထိုင်လိုက်သည့် ကောင်မလေးတစု၏ စကားသံကြောင့်ကျနော် ဂရုတစိုက်နားထောင်လိုက်မိသည်
*ဝါးးးး အဲ့ အဲ့တာတမာနမှလား*
*ဟုတ်ပါ့ဟယ် ချောရက်လိုက်တာ အိမ်ကဖေဖေဆိုတမာန်တော် ဆိုတာ ပါးစပ်ကကိုမချဘူး*
*ငါ့အိမ်ကရောပဲ ငါ့သမီးကိုတမာန်တော့်လိုလူမျိုးနဲ့ပဲသဘောတူချင်တာတဲ့ *
ပြောပြီးသည်နှင့် ရယ်နေကြသော မိန်းကလေးတစြကြောင့်ကျနော် မျက်ခုံးကျုံ့မိသွားသည် ဟိုဘက်ကမိန်းကလေးတစုအသံကို မိုရ်ကပါကြားသည်ထင် ကျနော့်လက်ကိုကုပ်ကာ ဘာလဲဆိုသည့်သဘောမေးလာလေသည် ကျနော်လည်းမသိ၍ ခေါင်းသာခါရမ်းပြလိုက်သည်
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Genç Kurguအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...