မုန်းမာန် clubသာရောက်နေတာ စိတ်ကဟို အဖြူသေးသေးလေးဆီမှာ ဟိုကောင် တမာန်တော်နဲ့ ဘာပတ်သတ်လဲမသိပေမယ့် တမာန်တော်က ထိုကောင်ငယ်လေးကို အထိမခံပေ မုန်းမာန် ဘေးနားက ပူးကပ်နေသည့် မိန်းမ၏ကိုယ်လုံးကို ဖယ်ချကာ အဝေးမှာထိုင်ရန်လက်ပြလိုက်တော့ ရှုံ့မဲ့ကာ ထိုမိန်းက ထသွားလေသည်
*ဘာဖြစ်နေတာလဲ မုန်းမာန်*
*ငါ့စိတ်ထဲ လူတယောက်က နေ့နေ့ညညစိုးမိုးထားတယ်ကွာ ကျစ် သောက်ရေးမပါတာတွေ!!
မုန်းမာန် သူ့ကိုသူစိတ်တိုကာ သူ့အရှေ့မှအရက်ခွက်ကို ကောက်ကိုင်ပြီး Dancing floorထဲကိုသာ အကြည့်ပို့ထားလိုက်သည်
*မင်းကလဲ မင်းကိုဆို ဘယ်သူကငြင်းလို့လဲ ကြိုးစားကြည့်လေ*
Jackနဲ့စေနိုင်ကပါ ဝင်ပြောလာလေသည် သူတို့ကိုပြောချင်တာက ဒီအသေးလေးက သူကြိုးသားရင်တောင် ရနိုင်မည့်သူမဟုတ် အခြားလူတွေဆို မုန်းမာန်ကြိုးစားစရာတောင်မလို သူ့အလိုလိုဝပ်ဆင်းလာကြတာပင် ဒီဟာလေးကျမှ
*ဒီတယောက်က အခြားဟာတွေနဲ့ဘာမှမဆိုင်ဘူး *
*အဲ့တာဆိုလဲကွာ ဆေးခတ်ပြီးကြံလိုက်လေ သူဘာငြင်းနိုင်မှာလဲ*
စေနိုင်တို့ကပါ ခေါင်းတွေညိတ်ကာ ထောက်ခံလာကြသည် သူတို့မသိတာက အခုချိန်ထိ ထိုကောင်ငယ်လေးနဲ့ ကျနော်မရင်းနှီးသေးသည်ကိုပင်
*တော်ပြီကွာ !! ငါ့ဆိုင်ဘက် ခနသွားလိုက်အုံးမယ်*
*ငါတို့လဲ လိုက်မှာပေါ့*
မုန်းမာန်ကလဲ မေမေတို့မသိအောင် clubတွေဖွင့်ထားတာပင် ညဆိုဆိုင်တွေကို ကြည့်ပြီးမှပြန်ရလို့ ညဆို ညနက်ထိအပြင်မှာရှိနေရခြင်းပင် အဲ့လိုပြောတော့ သူကလူလိမ်မာလားဆိုတော့လဲ မဟုတ်ပေ မိန်းမရှုပ်သည် ရန်ဖြစ်သည် ဆိုင်ကယ်ပြိုင်မောင်းသည် ကားပြိုင်မောင်းသည် မကောင်းတာမှန်သမျှ သူလုပ်သည် မုန်းမာန် သူ့ရှေ့က ကားသော့ကိုဆွဲယူကာ ဟိုကောင်တွေကိုပါ သွားရအောင်ဆိုသည့် ပုံစံဖြင့် မျက်လုံးပင့်ပြကာ clubထဲက ထွက်လာခဲ့လိုက်သည်
_________________
*ဘာစားမလဲ မှာချင်တာ မှာကြ*
ဒီနေ့ ကိုကိုက ကျောင်းကိုရောက်ချလာပြီး မိုရ်နဲ့ကျနော့်ကိုခေါ်ကာ မုန့်လိုက်ကျွေးလေသည် ဒါပေမယ့် မိုရ်က သူ့သူငယ်ချင်းတွေကိုလဲ ထားခဲ့ရမည်အားနာသည်ဟုဆိုကာ သူ့သူငယ်ချင်းမ သုံးယောက်ပါခေါ်လာလေသည် ထိုင်တော့လဲ ကိုကိုက ကျနော့်အရှေ့မှာဖြစ်ပြီး ကိုကို့ဘေးက မိုရ်ကကပ်ထိုင်နေလေသည် မို့ရ်သူငယ်ချင်းတွေကတော့ ဘေးမှာဝိုင်းထိုင်ကာ တဟီးဟီးတဟားဟားနဲ့ပင်
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Teen Fictionအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...