*ဆက်လေး သား သက်သာရဲ့လား*
တမာန့်၏ မေမေမှာ သူ့သားလေး သဖွယ် ပြာယာခတ်နေလေသည်။ မုန်းမာန်ကတော့ အနောက်ကနေ ရပ်လျက် အခြေအနေကို အကဲခတ်နေလေသည်။ တမာန့်ဖေဖေကတော့ သူ့သားကြီး၏ အခြေအနေကို ခွဲခန်းရှေ့၌ပင် စောင့်လျက်ေနသည်။။
*သက်သာပါတယ် အန်တီ တမာန်ရောဟင် သူ ဘယ်လိုနေသေးလဲ*
ဆက် မေးလိုက်တော့ တမာန် မေမေ၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းနေလေသည်။ အနောက်က မုန်းမာန်ကို ကြည့်လိုက်တော့ အကြည့်လွှဲထားလေသည်။ ဘာဖြစ်နေကြတာလဲ?
*တ..တမာန်ရော အန်တီ*
*သူ ခွဲခန်းက ထွက်မလာရသေးဘူးသား သားကြီးက တော်တော် ထိခိုက်သွားတယ်တဲ့ ကားခေါင်းတစ်ခြမ်းက သစ်ပင်ကို ဝင်အောင်းပစ်တာတဲ့ အဲ့ဘက်အခြမ်းက မောင်းသူဘက်ကတဲ့*
*သူ..သူ သက်သာမှာပါနော် ကျနော် သူ့ဆီ သွားချင်တယ် အန်တီ*
*ဒီလိုပုံစံနဲ့ မင်းက ဘယ်လိုလုပ် သူ့ဆီသွားလို့ရမလဲ
**မသိဘူး ငါ သွားချင်တယ် မုန်းမာန် အန်တီ လုပ်ပါ ကူညီပါ အန်တီရယ် သူ့အခြေအနေ ကျနော် သိချင်တယ် အန်တီ*
ဆက် ကိုယ်တိုင် ဘာမှ သိပ်မဖြစ်၍ လမ်းမလျှောက်နိုင်သေးတာကလွဲရင် အကုန်နေရသက်သာသည်။
အန်တီကလဲ သူ့ကိုပြောမရ၍ မျက်နှာပျက်နေလေသည်။*ဝှီးလ်ချဲယူပေးလိုက်ပါ သား*
*ဖြစ်ပါ့မလား*
အန်တီက ခေါင်းညိမ့်ပြ၍ မုန်းမာန်မှာ မသက်သာသည့်စိတ်ဖြင့် ဝှီးလ်ချဲယူပြီး ဘေဘီ့ကို ထိုအပေါ်သို့ တင်ပေးလိုက်ရသည်။ မင်း သိပ်ဆိုးတယ် ဘေဘီ။
*ဖေကြီး သားကြီး အခြေအနေရော*
*မသိရသေးဘူး ခုထိဆရာဝန်တွေ ထွက်မလာသေးဘူး*
မုန်းမာန် လက်ခုပ်တွေချီကာ ဘုရားစာတွေ ရွတ်နေသည့် ဘေဘီ့ကို ကြည့်ပြီး ရင်နာလိုက်တာ။ဟိုကောင့်ကို ဘာမှမဖြစ်ဖို့ သူပါ ဆုတောင်းပေးမိသည်။ ဒါဟာ ဘေဘီ ပျော်ရွှင်ဖို့။
*ဒေါက်တာ သားအခြေအနေလေး*
ခွဲခန်းထဲက ထွက်လာသည့် ဒေါက်တာက Maskကို အရင်ချွတ်ကာ ကိုကို့ဖေဖေ၏ ပုခုံးကို ပုတ်ပြီး ဆုပ်ကိုင်လိုက်သည်။
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Novela Juvenilအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...