အဲ့ည နှစ်ယောက်စလုံး ကိုယ့်နေရာ ကိုယ်ပြန်အိပ်ကြမယ်လို့ ပြင်ဆင်ထားကြပေမယ့် အရမ်းကို စိတ်ပူတတ်လွန်းတဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို သူ့အဖေ ဝမ်ကျန်းယုံ ဖမ်းခေါ်သွားမှာ စိုးရိမ်နေပြန်ရော ဝမ်ရိပေါ်ရဲ့ အဆောင်ခန်းမှာလည်း ရှောင်းကျန့် လိုက်မအိပ်ချင်ပြန်တော့ နှစ်ယောက်သား ရှောင်းကျန့် ရဲ့ တိုက်ခန်းမှာပဲ အိပ်ဖို့ သတ်မှတ်ကြတယ်
ရှောင်းကျန့်ရဲ့ တိုက်ခန်းက သေးပေမယ့် သေသေသပ်သပ် နဲ့ ခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့လည်း နီးတော့ အတော်လေး အဆင်ပြေတယ်
ရှောင်းကျန့်ကတော့ နှစ်ယောက်သား ဒီမှာပဲ ပေါင်းနေရင် အိမ်လခ လည်း အတော်သက်သာသွားမယ် ဟင်းတွေ ဘာတွေလည်း ရှောင်းကျန့်က ချက်တတ်ပြုတ်တတ်တော့ ဝမ်ရိပေါ်ရဲ့ အပြင်မှာ ဖြစ်သလို ဝယ်စားနေရတဲ့ စားစရိတ်လည်း အတော် သက်သာသွားမယ် ပိုက်ဆံလေး ဘာလေး ပိုထွက်တော့ ဟို ဝမ် အဖိုးကြီးကို ပိုက်ဆံ မြန်မြန်ဆပ်နိုင်တာပေါ့ မဟုတ်ဖူးလား
တွက်ရေးနဲ့ စက်သူဌေး ဆိုတဲ့ အတိုင်း ရှောင်းကျန့် ခုလက်ကျန်ရှိနေတဲ့ ပိုက်ဆံကို အချိုးကျ တွက်ချက်နေတယ်
မဖြစ်ဖူး ဝမ်ရိပေါ် ခုနေတဲ့ အခန်းကို မြန်မြန်ပြန်အပ်ခိုင်းပြီး စပေါ်ခ ပြန်ထုတ်ရမယ် နောက်ပြီး နေတဲ့ ရက် မကြာသေးတာကြောင့် အခန်းလခ တစ်ဝက်လောက် ပြန်တောင်းခိုင်းရမယ် ဟုတ်တယ်လေ စီးတဲ့ရေ ဆည်တဲ့ ကန်သင်းတဲ့ ရှောင်းကျန့်မှာ ဝမ်ရိပေါ် ရှာသမျှ ပိုက်ဆံ အလဟဿမဖြစ်စေဖို့ တာဝန်ရှိတယ် (သားတစ်ယောက် အနေနဲ့ ကိုယ့်အဖေ ရှာသမျှ စုဆောင်းရမယ်လေ ဟုတ်တယ်မလား)
တိုက်ခန်းထဲ ရောက်တာနဲ့ ဂဏန်းပေါင်းစက် ကိုင်ပြီး ရှောင်းကျန့် တွက်တော့တာပဲ ပြီးတော့ ဝမ်ရိပေါ်ကို အခန်းပိုင်ရှင်ဆီ ဖုန်းဆက်ခိုင်းပြီး အခန်းမြန်မြန် ပြန်အပ်ခိုင်းရတယ် ဝမ်ရိပေါ်လည်း ရှောင်းကျန့် တွက်နေတဲ့ ငွေကြေး စုဆောင်းမှု plan ကြီးကို မတရား သဘောကျသွားတယ်ထင်ပါ့ ချက်ချင်းကြီးကို အခန်းပိုင်ရှင်ဆီ ဖုန်းထဆက်တော့ တာပဲ !
အဝတ်အစားတွေ ဘာတွေ နည်းနည်းပါးပါး ကိုတော့ မနက်ဖြန် ဆက်ဆက် လာယူမှာ ဖြစ်ကြောင်း လည်း ပြောတာကြားလိုက်သေးတယ်
KAMU SEDANG MEMBACA
Call me Daddy (completed)