ချုံချင်းမြို့မှာ ရှောင်းအန်း နဲ့ ရှောင်းစန်းဆိုတာ သိပ်ချစ်ကြတဲ့ ညီအစ်ကိုတွေ ညီဖြစ်သူရှောင်းစန်း မွှေသမျှ ပြုသမျှကို နောက်ကနေ ဒိုင်ခံ ဖြေရှင်းပေးတဲ့သူက ရှောင်းအန်း ။သူရှာဖွေသမျှဟာ သူ့မိန်းမ သူ့သားငယ်ရယ် ညီဖြစ်သူသုံးဖို့ပဲ ဒါပေမယ့် သဘောမနောကောင်းတဲ့ သူဌေးပေါက်စ ရှောင်းအန်းက အချိန်တွေ ကြာလာတော့လည်း ညီဖြစ်သူ အရှုပ်တွေ ဘယ်ရှင်းနိုင်ပါတော့မလဲ အကြွေးယူရတော့တယ်
ဝမ်ကျန်းယုံဆိုတာက ဟဲနန်ပြည်နယ် luoyang ဇာတိ အဲ့နေရာက တပည့်တပန်းတွေနဲ့ အတူ ချုံချင်းမှာ ငွေတိုးချေး လုပ်ငန်းလုပ်ကိုင်တယ် ချောချောလှလှ ဇနီးလေး ချန်းယူလီ ဆိုတာပါ ပိုင်ဆိုင်ထားလေရဲ့
ချန်းယူလီကတော့ ဝမ်ကျန်းယုံအပေါ် ချစ်လှတယ်လို့တော့ မဟုတ်ဘူး အိမ်ကလူတွေ ပေးစားလို့ လက်ထပ်ထားရုံပဲ ကိုယ့်ဖက်က တာဝန်ကျေပွန်စွာနဲ့ လိုလေသေးမရှိ လင်ယောက်ျားအပေါ် ဖြည့်ဆည်းပေးပေမယ့် ဝမ်ကျန်းယုံကတော့ သူ့လက်အောက်ငယ်သားအုပ်စု သူ့ရဲ့အကြမ်းဖက်စီးပွားရေးနဲ့ပဲ အချိန်ကုန်နေတတ်တယ်
သားသမီးများ ရလာခဲ့ရင် ပြောင်းလဲလာမလားဆိုတဲ့ စိတ်ကူးနဲ့ သားလေးတစ်ယောက် ယူခဲ့ပေမယ့် အဲ့ဒီ သားဖြစ်သူကို ဝမ်ကျန်းယုံက သေချာ ဂရုမစိုက်နိုင်ဘူး ချန်းယူလီ ကိုယ်တိုင်ကလည်း ကိုယ့်သောကနဲ့ကိုယ် ဖြစ်လို့ တစ်ဦးတည်းသော သားငယ်ကို ကောင်းကောင်းမချစ်ပေးနိုင်ခဲ့ဘူး
လင်မယား ရန်ဖြစ်တိုင်း ချန်းယူလီ ရောက်သွားတတ်တာက ရှောင်းမိသားစုဆီပဲ ဘယ်လိုပဲ ပိုက်ဆံအကြွေးတွေ ထူထပ်လာပေမယ့် ရှောင်းမိသားစုက အမြဲစည်းလုံးနေဆဲဖြစ်လို့ ကြည့်ရတာ အရမ်း အေးချမ်းတယ် နောက်ပြီး အဲ့အိမ်က ရှောင်းကျန့်လေးကို သားငယ်လေးရိပေါ်က အရမ်းခင်တွယ်ရှာတယ်
အမေဖြစ်သူနဲ့တောင် ခပ်စိမ်းစိမ်းနေတတ်တဲ့ သားငယ်က ရှောင်းကျန့်လေးကိုတော့ ကျန့်ကော ကျန့်ကော ဆိုပြီး တွယ်တာတယ် တစ်ခါတလေကျတော့ ချန်းယူလီလောဘတွေကြီးပြီး အိမ်မှာ လာဆော့လေ့ရှိတဲ့ ရှောင်းကျန့်လေးကို ပြန်မလွှတ်ချင်ဘူး မှုန်ကုပ်ကုပ် သားငယ်လေး ရိပေါ်က ရှောင်းကျန့်လေးနဲ့မှ ရယ်မောနေတတ်တာ
YOU ARE READING
Call me Daddy (completed)