(22)

20K 2.1K 59
                                        

ရိပေါ် စိတ်နဲ့ ခန္ဓာက တကွဲတပြားစီ ခါတိုင်း အလုပ်စားပွဲရှေ့နားက ဆိုဖာပေါ်မှာ ထိုင်နေတတ်တဲ့ ပုံရိပ်လေးက ဒီနေ့တော့ဖြင့် ရှိမနေ အိမ်ကနေ နှစ်ယောက်သား အတူရုံးကို ထွက်လာတာ နှစ်နာရီတောင် မပြည့်သေးပေမယ့် ရိပေါ့်ရင်ထဲ လွမ်းဆွတ်စိတ်တွေက တရိပ်ရိပ်

အောင့်အည်းသည်းခံဖို့ရာ မတတ်နိုင်တော့

'တစ်ယောက်လောက် ကော်ဖီဖျော်ပြီး ငါ့ရုံးခန်းထဲ လာပို့ပေး'

ခိုင်းလိုက်တာနဲ့ ကော်ဖီရော cookie မုန့်တွေပါ ဗန်းနဲ့ ထည့်ပြီး ယူလာပေးတတ်သူက သေချာပေါက် ရှောင်းကျန့်ပဲ အခြားသူတွေက ရိပေါ့်မျက်နှာ ရှစ်ခေါက်ချိုးကြောင့် လာပို့ဖို့ နေနေသာသာ ဘယ်သူမှ ရုံးခန်းထဲတောင် သိပ်မဝင်ရဲ ခုလည်း ရှောင်းကျန့်ပဲ လာမှာ မလွဲဧကန်ပဲ

မြန်မြန်လာပါ အားကျန့်ရဲ့ လွမ်းလှပြီ။

ဒါပေမဲ့ ကျွီဆိုတဲ့ တံခါးမြည်သံ နဲ့အတူ ဝင်လာသူက ရှောင်းကျန့် ဖြစ်မနေ

'ကော်ဖီနဲ့ မုန့် ဒီမှာပါ leader Wang '

ကော်ဖီတွေ လာချပေးနေတဲ့ ကျူယဉ်ကို ရှောင်းကျန့်က ဘာဖြစ်လို့ လာမပို့တာလဲ လို့ ယောင်ပြီး မေးလိုက်မိမလို ဖြစ်သွားလို့ ရိပေါ်ကိုယ့်ကိုယ်ကိုယ် မနည်း ထိန်းချုပ်လိုက်ရတယ် ဟုတ်သားပဲ ရိပေါ်ရဲ့ အမိန့်ထဲမှာ ဘယ်သူပဲ လာပို့ပါ ဆိုတဲ့ ကန့်သတ်ချက်မှ မပါသွားတာပဲ ရှောင်းကျန့် မကြားလိုက်လို့လည်း ဖြစ်မှာပေါ့

ကော်ဖီကို တစ်ငုံ သောက်လိုက်တော့ ရှောင်းကျန့်ဖျော်ပေးထားတာ သေချာတာကြောင့် ကျေနပ်သွားသလိုပဲ ဒါပေမဲ့ ဘာလို့များ ကိုယ်တိုင် လာမပို့ရတာပါလိမ့် မနေ့ညက ကိစ္စကြောင့်များလား ဒါပေမဲ့ ရှောင်းကျန့် စိတ်ဆိုးသွားတဲ့ အရိပ်အယောင်လည်း မမြင်မိပါလား

'design theme အသစ်တွေ ယူလာခဲ့'

ဒီတစ်ခါလည်း လီကျူယဉ်ပဲ လာပို့ပြန်တယ်
ရိပေါ် မနေနိုင်တော့

'ရှောင်းကျန့်ရော'

'ရှင် '

'ဘာလို့ ရှောင်းကျန့် ကိုယ်တိုင် လာမပို့တာလဲ'
..................

Call me Daddy (completed)Donde viven las historias. Descúbrelo ahora