(20)

24.4K 2.3K 77
                                        

စန်းပေါ်တစ်ယောက် ဆေးထိုးဆေးလိမ်း ဆေးသောက် ခပ်မှန်မှန်လေး လုပ်လိုက်တော့ လင်နှစ်ကောင်ပေးထားတဲ့ ဒဏ်ရာတွေက မနည်းသက်သာစ ပြုသွားတယ် ဒါပေမယ့် စန်းပေါ်ကို ပြုစုဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သုံးရက်လောက် နှစ်ကောင်လုံး အလုပ်မသွားဘဲ အနားမှာ မျက်စိနောက်လောက်အောင် ro နေတဲ့ ပုံစံတွေကိုတော့ ကြည့်လိုက်ရတာပေါ့

ဒီနေ့ မနက်စောစောတော့ နှစ်ကောင်လုံး အလုပ်ပြန်တက်ဖို့ဆိုပြီး မနက်အစောကြီးတည်းက ပြန်သွားကြလေရဲ့ အဲ့တော့လည်း နှစ်ကောင်သားရဲ့ ပူးကပ်ပြီး ခပ်တိုးတိုး တွတ်ထိုးသံတွေ တိတ်ဆိတ်နေတော့ အိမ်တစ်ခုလုံး ခြောက်ကပ်နေသလိုပဲ

အိပ်ရာက ထပြီး ရှောင်းကျန့် ပြင်ပေးသွားတဲ့ မနက်စာကို စားဖို့ပြင်လိုက်တယ် မနေ့က မနက် သုံးယောက်သား ကော်ဖီသောက်ရင်း ရှောင်းကျန့်က 'စန်းပေါ်ကို ခုထိ ရုံးမှာတိုက်ခဲ့တဲ့ morning coffeeတွေ အတွက် ကျေးဇူးတင်ပါတယ်တဲ့ ဒါပေမဲ့ နောက်နေ့ကစပြီး ရိပေါ်နဲ့ပဲ အတူတူသောက်လိုက်မှာမို့လို့ ညစောင့် ဦးလေးကြီးကို မပို့ခိုင်းပါနဲ့တော'့ တဲ့

ရိပေါ် မကြားအောင် အနားမှာ တိုးတိုး တိုးတိုးနဲ့ လာပြောသွားတာ ဘာတွေပြောသွားမှန်းလည်း မသိပါဘူး သေချာပြန်မေးဖို့ပြင်တုန်း ရိပေါ်က တွေ့သွားပြီး လူသတ်ချင်တဲ့ အကြည့်နဲ့ လာကြည့်နေတော့ ကျက်ခါစ အထိုးခံထားရတဲ့ ဒဏ်ရာတွေ အသစ်ထပ်ဖြစ်မှာစိုးလို့ ငြိမ်နေလိုက်ရတယ်

ဒီကောင် ရိပေါ်က ဟိုးငယ်ငယ်လေးတည်းက ရှောင်းကျန့်နောက် တကောက်ကောက် လိုက်နေခဲ့တာ ရှောင်းကျန့်မျက်နှာ တစ်ကမ္ဘာထင်ပြီး ရှောင်းကျန့် စိတ်တိုင်းကျကို သူ့ဘဝပုံစံပြောင်းလဲပစ်ခဲ့တာ

ရှောင်းကျန့်ကို အနိုင်ကျင့်တတ်တဲ့ ကျောင်းနောက်ဖေး လမ်းကြားထဲက လူဆိုးကျောင်းသားကြီးတွေ ရှေ့မှာ တကယ့် fighterကြီးလိုလို ဘာလိုလိုနဲ့
ရှောင်းကျန့်ရှေ့နားရောက်ရင်တော့ ဂုတ်အထိ ဝဲကျနေတဲ့ ရွှေအိုရောင် ဆံနွယ်လေးတွေ မျက်နှာအုပ်ပြီး အားနွဲ့တဲ့ ကောင်မလေး တစ်ယောက်လိုလို ဘာလိုလို

Call me Daddy (completed)Tahanan ng mga kuwento. Tumuklas ngayon