(11)

26.7K 2.8K 202
                                        

ရှောင်းကျန့်တို့ သားအဖနှစ်ယောက်ရဲ drama ခင်းပွဲကြီး ပြီးသွားပြီး အနှစ်ချုပ်လိုက်တော့ တစ်ပတ်စာ ဘာမှ မဝယ်ဖြစ် အဲ့နေ့ညစာတောင်မှ ရှောင်းကျန့် ဦးထုပ်ထဲ အလိုအလျောက် ရလာတဲ့ ပိုက်ဆံနဲ့ ဝယ်ထားသော hot pot သာ စားလိုက်ရတယ် ကျန်နေ့တွေကတော့ နေ့ခင်း ဘာဂါ ည ခေါက်ဆွဲပြုတ်ပဲ အခု သောကြာနေ့မှာတော့ ဝမ်ရိပေါ်တစ်ယောက် ဘာစိတ်ကူးပေါက်လဲမသိ အပြင်မှာ ညစာစားရအောင်တဲ့

ရှောင်းကျန့် မကြားစဖူး ဒီစကားကြားရတာ မဟုတ်ဖူး ဖုန်းမှာ message ပို့ထားတာ ဆိုတော့ ဖတ်ရတာလို့ ပြောရမှာပေါ့ သိပ်မယုံချင်လို့ လူမှားတာ ဖြစ်မှာ စိုးလို့ သူ့ရုံးခန်းထဲဝင် ဒီဇိုင်းပုံတွေ ထပ်ချင်ယောင်ဆောင်ပြီး မေးလိုက်ရသေးတယ် သေချာတယ် ဆိုင်ရွေးထားလိုက် ပြောမှပဲ လူက ပျော်မိတော့တယ်

ဆိုင်ရွေးထားဆိုတော့ ဈေးသိပ်မကြီးတဲ့ ဆိုင်မျိုးလည်း ဖြစ်ရမယ် နေ့တိုင်းစားနေကျ မဟုတ်ဘဲ အရသာ ရှိတာလည်း စားရမယ် ရုံးကလူတွေနဲ့လည်း မတွေ့နိုင်တာမျိုး ဖြစ်ရမယ် နောက်ပြီး bus ကား စီးစရာ မလိုဘဲ အိမ်နဲ့လည်း နီးရမယ် အမလေး များပြားလိုက်တဲ့ ကန့်သတ်ချက်တွေနဲ့ ရွေးလိုက်ရတာ နောက်ဆုံးတော့ အိမ်နဲ့ မနီးမဝေး က ဆိုင်လေးကို ရွေးဖြစ်တယ်

1980 လို့ နာမည်ရတဲ့ vintage ဒီဇိုင်းနဲ့ ဆိုင်လေးက အင်တာနက်ပေါ်မှာ တင်ထားတဲ့ ကြော်ငြာတွေအရ ဆိုရင် ခုထိလည်း ဈေးမကြီးသေးတဲ့ပုံ အရင်ရှောင်းကျန့် တက္ကသိုလ် ကျောင်းသားဘဝက ကော်ဖီတစ်ခွက်မှာပြီး ချောင်တစ်ချောင်မှာ တစ်နေကုန်စာထိုင်လုပ်ခဲ့တဲ့ ဆိုင်လေး

အဲ့ဆိုင်လေးနဲ့ ပတ်သတ်ပြီး ဂေါ်မစွံတစ်ယောက် ဖြစ်လို့ သူများတွေလို အမှတ်တရ အများကြီး သိပ်မည်မည်ရရ မရှိပေမယ့် ဝေဝေဝါးဝါး မှတ်ညာဏ်တွေထဲ မျက်နှာသိပ်မမှတ်မိတဲ့ ဆံပင် ရွှေအိုရောင်နဲ့ ကလေးမလေး တစ်ယောက်တော့ ရှိခဲ့ဖူးတယ်

လူပျိုကြီး ဇာတာများ ပါလို့လားမသိ ရှောင်းကျန့် လိုက်မယ်လို့ ချိန်ဖူးတဲ့ မိန်းကလေးမှန်သမျှ အနှေးနဲ့အမြန်ဆိုသလို ရည်းစားရကုန်လွန်းလို့ ချိန်ပါဆိုပြီးလို့တောင် ရှောင်းကျန့် နာမည်ကျော်ဖူးတယ်

Call me Daddy (completed)Tempat cerita menjadi hidup. Temukan sekarang