(17)

23.2K 2.6K 113
                                        

ရိပေါ် တစ်ယောက် ရပ်နေသော နေရာမှာပဲ ရပ်နေမြဲ ကျန်နေဆဲ ရှောင်းကျန့်ပြောသွားသော စကားများကလည်း ဘာတွေပြောသွားလို့ ဘာဆိုလိုမှန်းမသိ

ရိပေါ် အိပ်ရာက နိုးလာတော့ အနားမှာခွေခွေလေး အိပ်နေတဲ့ ရှောင်းကျန့် ကိုယ်က တော်တော်ပူနေပြီ ဆေးတိုက်ဖို့ မုန့်ကျွေးဖို့ နဲ့ ပိုက်ဆံက သိပ်အဆင်မပြေလေတော့ အောက်ဖက် တိုက်ခန်းဆီက ဝမ်ယွဲ့ဆီသွား အကျိုးအကြောင်းပြော အကူညီတောင်းရတယ် နောက်တော့ အရင်အလုပ်ချိန်တွေတုန်းက ရစရာ ပိုက်ဆံရှိသေးတဲ့ ကလပ်ကိုသာ ပိုက်ဆံတောင်းဖို့ ထွက်လာခဲ့တယ်

ရောက်တာနဲ့  vvip တစ်ယောက် အတွက် strip dancer လိုချင်လို့တဲ့ အချိန်က မနည်းစောနေသေးတဲ့ အချိန်မလို့ တော်တော်ထန်တဲ့သူလို့ တွေးပြီး ဘယ်သူမှန်း သိရအောင် ကြည့်လိုက်တော့ ကိုယ့်အစ်ကို အကောင်းစား ချန်းစန်းပေါ်ပဲ မျက်နှာမှာ အထိုးခံရတဲ့ ဒဏ်ရာ နည်းနည်းသက်သာတာနဲ့ စ ပြီး ရွပိုးက ထိုးပြီ

ဝမ်းသာအားရနဲ့ အနားသွားပြီး ဟိုတစ်ခေါက်က ချေးဖို့ မေ့သွားတဲ့ ပိုက်ဆံသွားတောင်းတယ် လက်ထဲ ပိုက်ဆံရောက်တာနဲ့ နေမကောင်းဖြစ်ပြီး အားနည်းနေတဲ့ ခန္ဓာကိုယ်က ယိုင်ကျလာတယ် လက်က ပတ်တီးစည်း ထားရတဲ့ ဒဏ်ရာကလည်း မသက်သာသေး

ဘဲကြောင်ဖို့ လာတဲ့ အစ်ကိုတော်လည်း မနေနိုင်ဘဲ ရိပေါ်ကိုခေါ်ပြီး ဆေးရုံသာ ရောက်လာရတယ် ဆေးရုံမှာ ဆေးတွေ ဘာတွေ သေချာထိုးပြီးတော့ နေ့လည်ဖက်တောင် ရောက်ပြီ အိမ်မှာကျန်ခဲ့တဲ့ ရှောင်းကျန့်ကို စိတ်မချတာနဲ့ အတင်းဆေးရုံက ဆင်း စန်းပေါ်ကို အိမ်ပြန်လိုက်ပို့ ခိုင်းရတယ်

တိုက်ခန်းရှေ့ရောက် ကားပေါ်က ဆင်းမယ်ကြံတော့ လူက ထပ်ပြီး ယိုင်လဲချင်သလိုလို မနက်အစောကြီးတည်းက သူထန်တဲ့ ကိစ္စ သူမရှင်းရသေးတဲ့ အစ်ကိုတော်က တစ်လမ်းလုံး ပွစိပွစိနဲ့ ပြောမဆုံးဘူး လူက အားနည်းတာကို မနားဘဲ လှုပ်လှုပ်ရှားရှား နေခဲ့မိလို့လားမသိ မောလိုက်တာ အရမ်းပဲ

အဲ့အချိန် ရှောင်းကျန့်က ဖုန်းက ဝင်လာပြန်တော့ စာသင်နေတယ်လို့ပဲ ညာလိုက်တယ် လူကတော့ အခြေအနေ သိပ်မဟန်တာမလို့ ကားပေါ်မှာ သေချာ ပြန်ထိုင်နားလိုက်ရတယ် ရိပေါ်ရဲ့ ဖျော့တော့နေတဲ့ ပုံစံကို မြင်ရင် ရှောင်းကျန့် တအား စိတ်ပူနေမှာ စိုးလို့ ချန်းစန်းပေါ်ကိုပဲ ဆေးရုံကို တစ်ခေါက်ပြန်မောင်းခိုင်းပြီး သေချာ ဆေးသွင်း နားနေလိုက်တယ်

Call me Daddy (completed)Tahanan ng mga kuwento. Tumuklas ngayon