(2)

43.5K 3.2K 133
                                        

အား "!!ဝမ်ရိပေါ် ရုပ်ကြည့်တော့ သူတော်စင်ပုံမျိုးနဲ့ ငါ ဆေးကြောင့် ကြွမိတာကို ဒင်းက ရထားဆိုက်တဲ့ အထိ လုပ်စားသွားတယ်

ဘာ အခုချက်ချင်း ကိုယ်ပေါ်က ဆင်း ဟုတ်လား! နောက်ကျတော့ ငါ ဆင်းချင်တာ တောင် မဆင်းလိုက်ရဘူးလေ! ဘာ သူများတွေကို ဒီကိစ္စ ပြန်ပြောရင် အလုပ်ဖြုတ်ပစ်မယ် ဟုတ်လား !
ငါက ဘာဖြစ်လို့ အားအားယားယား ကိုယ်ခံလာရတဲ့ အကြောင်း လူတကာ လျှောက်ဖွ ရမှာလဲ အရူးကောင်ရဲ့ !

အားယိုး ငါ့ခါး !ငါ့ခါး !ကျိုးပြီလား မသိ ဖင်တစ်ခုလုံးလည်း ကျိန်းစပ်လို့ ကိုက်ရာတွေကလည်း ပွထလို့ ခွေးများလား အောက်မေ့ရတယ် အိုက်ယား!! အိုက်ယား !!

ရထားပေါ်က ဆင်းကတည်းက ခြေမခိုင်ဘဲ ခွေကျချင်လို့ ရှောင်းကျန့် ခြေထောက်တွေက လိမ်ဖည် လိမ်ဖည် သေချာသာ မမြင်ရပေမယ့် ရှောင်းကျန့်ဆီက ထွက်တဲ့ အသံတွေကို တော့ လူတွေ ကြားတယ်ထင်တယ် Hoodie ကြီး အုပ်ပြီးထွက်လာတဲ့ ရှောင်းကျန့်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတဲ့ သူတွေကလည်း မနည်းမနောပဲ ဒီကြားထဲ အင်္ကျီကလည်း ပြဲနေလို့ ဘူတာရုံက သန့်စင်ခန်းမှာ ဝင်လဲရသေး

ဝမ်ရိပေါ်ကတော့ ရထား ဆိုက်တည်းက ရှေ့ကနေ ကော့ကော့ ကော့ကော့နဲ့ ထွက်သွားပြီ ခုဆို အိမ်ပြန်ရောက်လို့ အိပ်တောင်နေလောက်ပြီ ရှောင်းကျန့်ကတော့ မား ဆီသွားဖို့ကို အသာထား လမ်းတောင် အနိုင်နိုင် လျှောက်နေရတာမလို့ Taxi ငှား နီးစပ်ရာ တည်းခိုခန်းဆီပဲ ဦးတည်ရတယ် မား သာ ခုပုံမြင်ရင်တော့ သူ့သားလေး မုဒိန်းကျင့်ခံရတယ် ထင်မှာအမှန်ပဲ တော်သေးတယ် ဒါပေမဲ့ ထူးထူးခြားခြား ရှောင်းကျန့်က ဝမ်ရိပေါ် အပေါ် နည်းနည်းလေးတောင် မကျေနပ်စိတ် မုန်းတီးစိတ်များ မပေါ်မိတာပါလိမ့်

တည်းခိုခန်းငယ်လေးဆီ ရောက်တာနဲ့ ရှောင်းကျန့် ခုတင်ပေါ် ပစ်လှဲချလိုက်တယ် မွေ့ရာအခင်းက သိပ်မပျော့တာမလို့ လောလောလတ်လတ် ကွဲထားတဲ့ နေရာက နာနေရောပဲ ခုတင်ဘေးမှာ ရေဖန်ခွက် မြင်တော့ စိတ်တော်တော် နာတယ် တွေ့ကရာရေ သောက်မိလို့ ခုလိုဖြစ်ရတာ တင်္နလာနေ့ ရုံးပြန်တက်ရင် Leader ဝမ်ကို ဘယ်လို ရင်ဆိုင်ရပါ့!

Call me Daddy (completed)Tempat cerita menjadi hidup. Temukan sekarang