(25)

20.1K 2.1K 111
                                        

ဘဝတွေက  ဇာတ်လမ်းမဆန်တဲ့ အခါ သာမာန် အိပ်မက်ကလေးတွေ တောင် ဈေးကြီးပါတယ်။

ဥပမာ ဆိုရရင် လည်ပင်းမှာ ဆေးပတ်တီး စည်းထားရတဲ့ ရိပေါ်က ဖင် တစ်ခုလုံး ကွဲထွက်မလို ဖြစ်သွားတဲ့ ရှောင်းကျန့်ကို ကိုယ်တိုင် ဆေးသေချာ မထည့်ပေးနိုင်တဲ့ အချိန်မျိုးတွေပေါ့ ။

ဆရာဝန်က ရှောင်းကျန့်ကို  ဆေးထည့်ပေးပါ့မယ် ဆိုတာမျိုးတောင် လုံးဝ မကြိုက်တဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်က ခုတင်ပေါ်မှာ ဝမ်းလျားမှောက်ပြီး ကိုယ့်ဘာသာကို အနာဖြစ်သွားတဲ့ နေရာကို မှန်းပြီး ချိန်ဆ ထည့်ရတယ်

ဒါပေမဲ့ လည်ပင်းဒဏ်ရာကြောင့် ခေါင်းမငုံ့နိုင်တဲ့ ရိပေါ်က မမြင်မစမ်းနဲ့ ရှောင်းကျန့် ဖင် ပေါ် ဆေးရည်တွေ လောင်းချတာထက်တော့ သာပါသေးတယ်

အိပ်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ပူးကပ် ဖက်အိပ်နေကျ နှစ်ကောင်သားက ဒဏ်ရာ ကိုယ်စီနဲ့မလို့ တစ်ယောက်က ပက်လက် တစ်ယောက်က မှောက်လျက်သား အိပ်ရတယ် ပထမတော့ ခွဲမအိပ်ချင်တာမို့လို့ ပက်လက်အိပ်ရတဲ့ ဝမ်ရိပေါ့် ကိုယ်ပေါ် ရှောင်းကျန့် မှောက်လျက်သား တက်အိပ်ဖို့ ကြံပါသေးတယ်

ဒါပေမဲ့လည်း လှေကားပေါ်က ချော်ကျတုန်းက ရိပေါ်ရဲ့ အမောက်မကျသွားခဲ့သေးတဲ့ ဂျူနီယာ ပေါ်ပေါ်လေး ထိခိုက်ဒဏ်ရာ အနည်းငယ် ရသွားတာ ဖြစ်လို့ အခြေအနေ မကောင်းရှာဘူး အဲ့တော့လည်း နှစ်ယောက်သား နီးလျက်နဲ့ ဝေး အခြေအနေ ရောက်ရရှာတယ်

ဒီလို အချိန်မျိုးမှာ ဘယ်လို ရှေးရေစက် ဆိုးတွေကြောင့် ပတ်သတ်နေရမှန်း မသိတဲ့ စောင်အဖြစ်မရှိတဲ့ ဟို သုံးကောင်ကြောင့် ရှောင်းကျန့် ခေါင်းတွေပါ ကိုက်တက် လာတယ်

ဘယ့်နှယ် ကျူယဉ်ဆိုတဲ့ နှစ်တစ်ထောင် ပိန်းဥက သူ shipနေတဲ့ cp ကို ပျက်စီးအောင် လုပ်တဲ့ကောင် ဆိုပြီး ရှောင်းကျန့်ကို မျက်စောင်းတထိုးထိုးနဲ့ နောက်ပြီး သူ့ဘာသာသူ ဘယ်သူဝင်ရိုက်လို့ အရိုက်ခံရမှန်းမသိ သတိလစ်ပြီး ဆေးရုံရောက်ရတာကလည်း ရှောင်းကျန့်ကြောင့်တဲ့

နောက်ပြီး အဲ့ ကျူယဉ်ရဲ့ အတွေးအခေါ်တွေ အပြောအဆိုတွေကိုလည်း ရှောင်းကျန့် တစ်ချက်တစ်ချက် လိုက်မမီဘူး ရှောင်းကျန့်လို လူလည်တစ်ယောက်က ခပ်တုံးတုံးကျူယဉ်ရဲ့ အယူအဆတွေကို လက်မခံနိုင်တာ ဖြစ်သင့်ပါတယ်။

Call me Daddy (completed)Dove le storie prendono vita. Scoprilo ora