final

35.4K 2.6K 230
                                        

'ရှောင်းကျန့်က စက်ရုံ အလုပ်ရုံသုံး မိုင်းခွဲ ပစ္စည်းတွေကို ကျွန်တော့် လုပ်ငန်းလိုင်စင်နဲ့ ဝယ်ခိုင်းလို့ ဝယ်ပေးလိုက်တယ် ပြန်မတွေ့တောမယ့် လူတွေ ကြနေတာပဲ ချုံးရင်ကို ဂရုစိုက်ဖို့ပါ မှာသွားသေးတယ် ရိပေါ်တို့ ဘာတွေများ ဖောက်ခွဲ ပြင်ဆင်ကြဖို့လဲ '

ဥက္ကဌယန်ရဲ့ စကားက ရိပေါ့်အတွက် သေမိန့်ချကြောင်း အသိပေးသလိုပါပဲ ဒါပေမယ့်  ရှောင်းကျန့်က ဘာအပြစ်မှ မရှိတာကြောင့် လက်စားချေမယ့် ဒီကိစ္စရပ်မှာ ရိပေါ်တစ်ယောက်ထဲ ပါဝင်သင့်ပါတယ်

စိတ်သဘောထား နူးညံ့ကောင်းမွန်တဲ့ ကောင်လေးကနေ ခုလိုမျိုး ရက်စက်တတ် အမျက်ကြီးတတ်တဲ့ ရှောင်းကျန့် အဖြစ်ပြောင်းလဲသွားခြင်းက ရိပေါ့်အပေါ်မှာ အချစ်ကြီး ချစ်ခဲ့ကြောင်း သက်သေပါပဲ အဲ့သလိုမျိုး ချစ်ပေးခဲ့တဲ့ အတွက် ခုကိစ္စမှာလည်း ရှောင်းကျန့်လက်နဲ့ တစ်စက်မှ ထိစရာမလိုဘဲ ကိုယ်စခဲ့တဲ့ ကိစ္စ ရိပေါ်ပဲ ပြန် အဆုံးသတ်ပေးပါ့မယ်

နာရီ ၂၀ ကျော် တစ်ရက်နီပါး လာရတဲ့ ဒီခရီးက ရိပေါ့်အတွက် အရမ်း တိုတောင်းနေသလိုပါပဲ နေကောင်းခါစ ရှောင်းကျန့်ကတော့ တစ်လမ်းလုံး နိုးလိုက် စားလိုက် ပြန်အိပ်လိုက်နဲ့ သံသရာလည်နေတာပါပဲ အရမ်းပင်ပန်းနေပုံရတော့ လေယာဉ်နဲ့ လာလိုက်ရရင် ကောင်းသားလို့တောင် တွေးမိသေးတယ် ဒါပေမယ့် တစ်ခုကောင်းတာက ရိပေါ့်အတွက် ပြင်ဆင်ချိန် ရလိုက်တာပါပဲ

တစ်ခါမှ ဖုန်းမဆက်စဖူး မား ဆီ ဖုန်းဆက်ပြီး အရမ်းချစ်တဲ့ အကြောင်း ပြောလိုက်တယ် ရိပေါ် မရှိခဲ့ရင်တောင်မှ ရှောင်းကျန့်ကို ခုအတိုင်း ချစ်ပေးပါအုံးလို့ ပြောလိုက်တယ် ထိတ်လန့်သွားပုံရတဲ့ မား က ရိပေါ်မှာ ဘာရောဂါများ ရှိလို့လဲတဲ့ အသက်ရှိတဲ့ သတ္တဝါတိုင်း သေတတ်တယ် မား ရဲ့ ဆိုပြီး ရိပေါ်က တရားပြန်ချတော့ မကြားစဖူး မား ဆီက ရယ်သံလွင်လွင်ကို ကြားရပါတယ် ချစ်တယ်လို့ အော်ပြီး နောက်တစ်ခါ ထပ်ပြောတော့ ခွေးကလေး အရူးထတယ် ဆိုပြီး မား က ဖုန်းချသွားပါတယ်

ဒုတိယ အနေနဲ့ ပါး ဆီ ဖုန်းဆက်တယ် အခု ချုံချင်းကို လာတဲ့ လမ်းမှာ ဖြစ်တဲ့ အကြောင်းနဲ့ ပါး ကိုလည်း ချစ်တဲ့ အကြောင်းတွေ ပြောလိုက်တယ် တပည့်တွေကို ကိုယ့်သားသမီး အရင်းတွေလို စောင့်ရှောက် ချစ်ပေးတဲ့ ပါး က ရိပေါ်မရှိတော့ရင်လည်း အထီးကျန်နေမှာ မဟုတ်တာ အသေအချာပါပဲ ရှောင်းကျန့် အသက်တွေကြီးရင့်လို့ ချုံချင်းမှာ အခြေချဖြစ်ရင် ပါးက အတတ်နိုင်ဆုံး စောင့်ရှောက်ပေးပါလို့လည်း မမေ့မလျော့ မှာရသေးတယ်

Call me Daddy (completed)Où les histoires vivent. Découvrez maintenant