(15)

23K 2.3K 128
                                        

ရှောင်းကျန့် အောက်က ရိပေါ်ရဲ့ ခန္ဓာကိုယ်ကို ဖိမိမှာစိုးလို့ ဖွဖွလေး ငြိမ်နေပေးမယ် စိတ်ကူးပေမယ့် ဘယ်အချိန်အိပ်ပျော်သွားမှန်း ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘူး ရိပေါ်ကို ကြည့်တော့ အိပ်ပျော်နေဆဲ။

နိုးလာပြီး အခြေအနေကို ကြည့်တော့ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့အပေါ်မှာ ကျကျနနကို koala တစ်ကောင်လို ခွပြီး ဖက် အိပ်နေတာ ကလန်ကလား ခြေထောက်ရှည်ရှည် နှစ်ချောင်းနဲ့ ဘယ်လိုလုပ်ပြီးတောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလဲမသိ ။ရိပေါ်ရဲ့ ရင်ဘတ်ပေါ်မှာ ရှောင်းကျန့် အိပ်ရင်း ကျတဲ့ သွားရည်တွေက အကွက်လိုက်

ဘေးနားမှာကျနေတဲ့ အဝတ်စုတ် တစ်ခုနဲ့ ကောက် သုတ်လိုက်တော့ အဖြူနုနု ရှပ် ပေါ်က သွားရည်အကွက်က မည်းသွားတယ် ဆက်ပြီး သုတ်နေရင်လည်း ကြာရင် အောက်က ဝမ်ရိပေါ် နိုးလာတော့မယ် ဖြည်းဖြည်းလေး ဆင်းဖို့ လုပ်တော့ ဝမ်ရိပေါ်ရဲ့ လက်တွေက ရှောင်းကျန့် ခါးပေါ်မှာ မြဲလို့မြံလို့ လွှတ်လေမလား ဆိုပြီး နည်းနည်းလေး ရုန်းမိတော့ အဲ့လက်တွေက ပိုတောင် တင်းကြပ်သွားသေးတယ် ထပ်ရုန်းလိုက်ပြန်ရင် လည်း ညကမှ ပတ်တီးစည်းပေးထားရတဲ့ လက်က ပိုနာသွားမှာ စိုးလို့ ငြိမ်ငြိမ်လေး နေပေးလိုက်တယ်

ဒါပေမယ့် အဲ့ လက်တွေကပဲ ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်ကို အပေါ်ဖက်တောင် အလျားလိုက် ဆွဲတင်သွားသေးတယ် ခုပုံစံကြောင့် ရိပေါ်တိုက်ခန်းမှာ အိပ်တဲ့ မနက်က အချိန်တောင် သတိရမိပါရဲ့

အဲ့တုန်းက မျက်နှာချင်းဆိုင် ဖက်ထားတာမျိုး ဆိုပေမယ့် ခုလည်း အဲ့တာမျိုးနဲ့ မထူးခြားနား နောက်ပြီး ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် အံ့ဝင်ခွင်ကျ ထပ်လျက်သားကြီး အိပ်နေတာက အင်း! ရှောင်းကျန့် အတွက် တော်တော် အဆင်မပြေနေသလိုပဲ

တစ်ကိုယ်လုံး ဟိုနားက ယားသလို ဒီနားက ယားသလိုနဲ့ ရင်ထဲကလည်း နှလုံးရောဂါတွေ ဘာတွေ ရချင်တာလားမသိ တဒိန်းဒိန်းနဲ့ ကွမ်ရင်မယ်တော် ပွဲ လှည့်နေသလိုပဲ နောက်ပြီး မျက်စိရှေ့က ထူထူစုစု နှုတ်ခမ်းလေးတစ်စုံ လည်ပင်းက ထင်းထွက်နေတဲ့ လည်စိလေး နောက်ပြီး ဟ နေတဲ့ အင်္ကျီအောက်က မြင်နေရတဲ့ မှည့်နက်လေးတွေ တစ်ကိုယ်လုံး ဖိထားရတဲ့ ခန္ဓာအောက်က တောင့်တောင့် တင်းတင်း ကြွက်သားတွေ အဲ့ အဆိုးဆုံးက ဝမ်ဂျူနီယာ!

Call me Daddy (completed)Tempat cerita menjadi hidup. Temukan sekarang