(10)

28.2K 3K 366
                                        

"အယ် !!!!"

ကာတွန်းကားတွေထဲက အတိုင်းဆိုရင် ဖန်သားနန်းတော်ကြီး ခွမ်း ခနဲ့ ပြိုကျသွားတဲ့ အသံပါ ကြားရမလားမသိ ဘယ့်နှယ့် တက္ကသိုလ် တုန်းက သူ့ကို စာလိုက်ပေးခဲ့သူက ခုတော့ ယောက်ျားတောင် ရသွားပြီတဲ့လား သူတောင် ခုထိ  မရနိုင်သေး ရသွားတဲ့ ယောက်ျားကလည်း ဖြူဖြူနုနု လေးဆိုတော့ ချုံးရင် တစ်ယောက် အံ့သြလွန်းအားကြီးလို့ ဟ သွားတဲ့ ပါးစပ်တောင် ပြန်မစိနိုင်

"ဟဲဟဲ ချုံးရင် မဟုတ် …မဟုတ်"

"အားကျန့်!!!!!"

ရှောင်းကျန့် ဘာပြောလို့ ဘယ်လိုရှင်းရမှန်းလဲ တွေးမရ ဝမ်ရိပေါ့်ကို ကြည့်မိတော့လည်း မျက်ထောင့်ကြီးကို နီလို့ အတော်ဒေါသထွက်နေတဲ့ပုံ

"အခု ချက်ချင်း ပြန်မယ်"
……………………………

နေရာတကာ သူ့စိတ်ကြီးပဲ ခုလည်း ရှောင်းကျန့် လက်ကို တောက်လျှောက်ဆွဲ လာတယ် ဈေး အပြင်ဘက်မှာ ရပ်ထားတဲ့ scooter အနား ရောက်တဲ့အထိ ချုံးရင်ကိုလည်း နှုတ်တောင်မဆက်လိုက်ရ မနက်ချက်ဖို့လည်း ဘာမှ မဝယ်ရသေး ဘာ suit မှလည်း မဝယ်လိုက်ရ

အစကတော့ ရှောင်းကျန့် ဘာကြောင့်မှန်းမသိဘဲ အတင်းကြီး ဒေါသတွေ စွတ်ထွက်နေတဲ့ ဝမ်ရိပေါ့်ကို ကြောက်လို့ လိုက်လာခဲ့တာ ဒါပေမယ့် အဆွဲခံထားရတဲ့ လက်ကောက်ဝတ်ကလည်း နာနေပြီ ဟော့ပေါ့လုပ်စားမယ် ဆိုပြီး ဘာမှ တကယ်လည်း မဝယ်ပေးဘဲ ဈေးအပြင်တောင် ပြန်ရောက်လာတော့ နှုတ်ခမ်းက နှစ်တောက်လောက် ရှေ့ကို စူထွက်လာပြီ

"တက်လေ ဘာလုပ်နေတာလဲ ပြန်မယ်"

ဝမ်ရိပေါ်က scooter ပေါ်အတင်း တက်ခိုင်းနေပေမယ့် ရှောင်းကျန့် မကြားချင်ယောင်သာ ဆောင်လိုက်တယ်

အလကား လူညာကြီး ဘာအဖေလို စောင့်ရှောက်ပါမယ်လဲ ကျွေးဖို့ အစာတောင် မသထာဘဲနဲ့ နောက်ပြီး ခုမှ ပြန်တွေ့ရတဲ့ သူငယ်ချင်းရှေ့လည်း အရှက်က ခွဲလိုက်သေး တော်သေးတယ် ရှောင်းကျန့်က အလုပ်ရတည်းက ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်သွားလို့ နို့မို့ဆို ဝမ်ရိပေါ် လုပ်ပုံကြောင့် ရှောင်းကျန့် ရှက်လွန်းလို့ မျက်နှာတောင် ထားစရာ နေရာရှိမှာမဟုတ်

Call me Daddy (completed)Where stories live. Discover now