ကြားရတဲ့ အသံတွေက အထဲကို လှမ်းနေမိတဲ့ ရှောင်းကျန့်ရဲ့ ခြေလှမ်းတွေကို တားမြစ်တယ် ရှောင်းကျန့် မဝင်သင့်တော့ဘူး ဒီအထိ ခရီးပေါက်နေကြတဲ့ သူတို့ နှစ်ယောက်ကို ရှောင်းကျန့် ဝင်ဖြတ်ဖို့ မသင့်တော်တော့ဘူး
အဖေရင်းတုန်းကလည်း ပိုက်ဆံဆိုတဲ့ အကြွေးတွေကြောင့် လောကကြီးကို အရှူံးပေး သားနဲ့ မယားကိုထားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ် အသက်ကြီးမှ ရပြန်တဲ့ ဝမ်ပါးပါးလည်း ပိုက်ဆံဆိုတာကြောင့် သူ့ဘဝကို စန်းပေါ်ဆိုတဲ့အကောင်ရဲ့ လက်ထဲထည့် အသုံးတော်ခံနေရပြီ
ဖြစ်ရပ်နှစ်ခု စလုံးမှာ ရှောင်းကျန့်အဖြစ်က လက်ပိုက်ကြည့်နေတာပဲ တတ်နိုင်တော့တာလား ပါး ဆုံးပါးသွားတုန်းကလည်း ရှောင်းကျန့် အသက်ငယ်သေးလို့ ကလေးပဲ ရှိသေးလို့တဲ့ အခု အသက်ကဖြင့် သုံးဆယ်နားကပ်နေတဲ့ အရွယ်ကရော ကလေးမဟုတ်တော့တာတော့ ကျိန်းသေတယ်
' တောင်းပန်ပါတယ် ကျွန်တော် တကယ်မရတော့ဘူး ဆက်မထည့်နဲ့တော့ အားးး နာတယ် စပ်တယ် ခင်ဗျားလုပ်တော့မှ ပိုပြဲတော့မှာပဲ'
'မရဘူး ဆက်ထည့်မှာပဲ မင်းလုပ်တုန်းက လုပ်ပြီး အခု မခံချင်လို့ ရမလား'
အပေါက်ဝကို ပြန်ဖို့ ပြင်နေတဲ့ ရှောင်းကျန့် စိတ်တွေ ချာချာလည်ထွက်သွားတယ် တစ်ကိုယ်လုံးက သွေးတွေတောင် ပြောင်းပြန်စီးဆင်းသွားသလိုပဲ လုပ်တုန်းကလုပ်ပြီး ဆိုတဲ့ စကားအရ ဆိုလျင်ဖြင့် ဝမ်ရိပေါ် မင်းက တကယ် စိတ်ပါလက်ပါနဲ့ပေါ့!!! မဆီမဆိုင် ရထားပေါ်မှာတုန်းက ချွေးတလုံးလုံးနဲ့ ကြိုးပမ်းနေခဲ့တဲ့ ဝမ်ရိပေါ်ရဲ့ ပုံရိပ်ကို ပြန်သတိရမိတယ်
အဲ့ပုံစံကို ချန်းစန်းပေါ် ဆိုတဲ့ ကောင်က မြင်ပြီးသွားပြီပေါ!!့ ဘယ်လိုတောင် ဒီကောင်က ရိပေါ့်ကို ဘာနည်းတွေ သုံးပြီး ဆွဲဆောင်လိုက်တာလဲ?သူ့ဘက်က အရင်ဇာတ်လမ်းမစဘဲနဲ့ ရိပေါ်ကနေတော့ အရင်ဆုံးစ မှာ မဟုတ်!! ဒါတော့ ရိပေါ့်ဘက်ကနေ ရှောင်းကျန့် သေချာ ပြောရဲတယ်!!!
'အားးးးး စပ်တယ်'
ရှောင်းကျန့် စိတ်တွေ လုံးဝ ထိန်းမရတော့ ဒီ ချန်းစန်းပေါ် ဆိုတဲ့ အကောင်က သူစ တဲ့ ဇာတ်လမ်းမှာ သူ့ဟာသူ ပျော်ပျော်ကြီး ကနေပေါ့ အခုမှ ရိပေါ်ကို တလှည့်ပြန်ခံဆိုတော့ ဒီကောင်စန်းပေါ်က ဘာအထာလဲ?
ANDA SEDANG MEMBACA
Call me Daddy (completed)