ညက ဘယ်နည်း ဘယ်ပုံ ဖြစ်သွားလဲတော့ မသိ ထုံးစံအတိုင်း အောက်ထပ်က ရှောင်းကျန့်က အပေါ်ထပ် ခြေတစ်လှမ်းမှ တက်ခွင့် မရလိုက် မနက်ရောက်တော့ ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲမှာ တင်းကြပ်စွာ ဖက်ထားခံရပြီးတော့ပဲ နိုးထလာတယ် လွမ်းနေခဲ့ရတာ ရှောင်းကျန့်မှာ ရိပေါ်နဲ့ဝေးနေခဲ့ရတဲ့ တစ်ပတ်အတွင်း သေမလိုပဲ
'ခဏလေး အားကျန့်ရယ် မထနဲ့အုံး နည်းနည်းလောက် ထပ်အိပ်ကြရအောင်'
အထက်လူကြီး ဝမ်ရိပေါ်က အောက်လမ်းသခင်ကြီး ရှောင်းကျန့်ထက်ပင် ပိုပြီး ပင်ပန်းနေသယောင် အေးပေါ့လေ ညက ညလုံးပေါက်နီးပါး တအား လှုပ်လှုပ်ရှားရှား ကြိုးစားလိုက်ရတာ ဆိုတော့လည်း ပင်ပန်းရှာမှာပေါ့
အလိမ္မာတုံးလေး ရှောင်းကျန့်က ငြိမ်ဆိုတဲ့ စကားကြားမှပဲ ရိပေါ့်ရင်ခွင်ထဲက ထွက် ဘေးတစောင်း အိပ်နေတဲ့ ရိပေါ့်ကိုယ်ကို ပက်လက်လှန်ပြီး တက်ခွတော့တာ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ချင်မူးတူး ရိပေါ်ရဲ့ လက်တွေက ရှောင်းကျန့်ရဲ့ ခါးတွေမှာ မြဲမြံစွာ အော်တို ဖက်လျက်ပါပြီးသား
'အားကျန့်ရာ ဘာလဲ ခဏလောက် အိပ်ကြစို့နော်'
'အိပ်လေ ဒီလိုမျိုး အိပ်ကြရအောင် '
'ဟင် ဘယ်လိုလုပ် အိပ်လို့ရမလဲ အားကျန့်က အဲ့လိုမျိုးကြီး ဖိထားတော့'
ရိပေါ်ရဲ့ နိုးတစ်ဝက် အိပ်တစ်ဝက် အက်ကွဲကွဲ အသံက ရှောင်းကျန့်စိတ်ထဲ အရမ်းဆွဲဆောင်မှု ရှိနေသလိုပဲ ဒီအသံ ဒီလိုမျိုးရိပေါ်ရဲ့ အိပ်ရာနိုးတဲ့ပုံစံက ရှောင်းကျန့် တစ်ယောက်တည်း မြင်ဖူးတာ ဒီလူကြီးယောင်ဆောင်ထားတဲ့ ကလေးပေါက်စက ရှောင်းကျန့် အပိုင်ဆိုတာ တွေးမိတော့ လူက မာန်တောင် နည်းနည်းတက်ချင်သွားတယ်
သူများတကာတွေကို ခပ်ချေချေ ခပ်တန်းတန်း ဆက်ဆံတတ်သူက ကိုယ့်အပေါ်မှာ သည်းသည်းလှုပ် အရမ်းအလိုလိုက်တဲ့ ချစ်သူဆိုတာ ရှောင်းကျန့် လူတကာကို မမောနိုင်မပန်းနိုင် ကြွားချင်မိပါရဲ့
'ပါး ပါး'
'ဟင် '
'အားကျန့် နာတယ်'
VOCÊ ESTÁ LENDO
Call me Daddy (completed)