(31)

17.5K 2K 113
                                        

ရူးမတတ် ချစ်တယ်ဆိုတဲ့ စကားကို ရိပေါ် ခုချိန်မှ မျက်ဝါးထင်ထင် မြင်ရပြီ ကိုယ့်ကိုယ့်ကိုယ် အနာတရ ဖြစ်အောင် စိတ်လွတ်သွားတဲ့အထိ ရှောင်းကျန့်က ရိပေါ့်ကို ဘယ်လောက်အထိ ချစ်ပြီး အားကိုးနေခဲ့သလဲမသိ

ဟိုးငယ်ငယ်တည်းက ရှောင်းကျန့်က ရိပေါ့်ကို ခုလိုမျိုး တွယ်တာနေခဲ့ရင် ရိပေါ်လည်း လူတစ်ယောက် သေစေနိင်တဲ့ ပြစ်မှုမျိုး ကျူးလွန်မိမှာ မဟုတ် ပါး သင်ပေးတုန်းက ယမ်းမှုန့်လေးတွေက မီးပန်းကြဲသလိုမျိုး လှတောင် လှနေသေးပေမယ့် ရိပေါ့်လုပ်ရပ်ကျမှ လူသေတဲ့အထိ ပြင်းထန်သွားတာတော့ ရိပေါ်လည်း မတတ်နိုင်တော့ ကံကြမ္မာကို အပြစ်ဆိုဖို့ ကျပြန်လည်း တကယ့် အပြစ်သား က မိမိဆိုတာ ဘယ်လိုမှ ရှောင်လွှဲမရ

အခု ရှောင်းကျန့် သတိပြန်ရရင်ရော အဲ့အကြောင်းတွေ အကုန်သိပြီးသွားပြီလား မှတ်မိသွားပြီလား ဒါမှမဟုတ် မား ပြောတဲ့ စကားတွေကို ဘယ်အထိ ကြားပြီး သိသွားပြီလဲ
မှတ်မိသွားခဲ့ရင်တော့ သေချာပေါက် ရိပေါ် အနားမှာ နေခွင့် ရှိတော့မှာ မဟုတ်

ပိုက်ကနေ တစ်ဆင့် တစ်စက်ချင်း ကျနေတဲ့ ဆေးရည်တွေလိုမျိုး ရိပေါ့် ပါးပြင်မှာလည်း မျက်ရည်တွေက လိမ့်ဆင်းလို့

ဘေးနားမှာ ဘယ်သူတွေ ဘယ်လောက်ထိ အလုပ်ရှုပ်နေလဲ ရိပေါ်မသိဘူး ရိပေါ့် ကမ္ဘာတစ်ခုလုံးက ပြန်မလည်ပတ်သေးဘဲ ဆေးရုံ ခုတင်မှာ ဖျော့တော့စွာ အသက်ရှုနေတဲ့ အခါ ရိပေါ်လည်း အအိပ်အစား လည်း မမှန်တော့ဘဲ လူပုံစံက သူရူးတစ်ယောက်လို ရှင်သန်ပါတယ်

သုံးရက်ကြာတဲ့ အထိ သတိပြန်မလည် လာသေးတဲ့ ရှောင်းကျန့်ကို ဆရာဝန်ကြီးလည်း စိတ်ပူလာပြီ မား ကတော့ နိုင်ငံခြားက သူ့အသိ ဆရာဝန်တွေဆီ ဖုန်းဆက်နေပြီ အခြေအနေ ဘယ်လိုမှန်း မှန်းဆ မရတာဖြစ်လို့ ချုံချင်းက ရှောင်းကျန့် ဦးလေးငယ်နဲ့ သူ့မိန်းမ လည်း ရောက်နေပြီ ပါး ကတော့ ရှောင်းကျန့်ကို တောင်းပန်စိတ်နဲ့အတူ ရှောင်းကျန့် ပိုင်ဆိုင်သမျှ ခြံတွေရော သိမ်းခဲ့သမျှ ပိုက်ဆံငွေကြေးတွေပါ ဦးလေးငယ်နဲ့ အတူ ထည့်ပေးလိုက်တယ်တဲ့

ရိပေါ်ကတော့ ရှောင်းကျန့်အနားက တစ်ဖဝါးမှ မခွာဘူး သူများတွေက ရှောင်းကျန့် သတိမရသေးလို့ ယောက်ယက်ခက် နေကြပေမယ့် ရိပေါ်ကတော့ ရှောင်းကျန့်  အကုန်ပြန်မှတ်မိသွားလိမ့်မလား စိုးရိမ်စိတ်ရယ် မြန်မြန်ပြန်သတိပြန်ရလာစေချင်တဲ့ စိတ်ရယ် လွန်ဆွဲကောင်းတုန်း နောက်ဆုံးကျတော့ ရှောင်းကျန့်ကို နေ့မြန်မြန်ပြန်ကောင်း စေချင်တဲ့ စိတ်က အနိုင်ရသွားတဲ့ အခါ လုပ်နေကျ ထုံးစံအတိုင်း ရိဖေးမာမား ဆီ စိတ်ထဲက လှမ်းပြီး အသည်းအသန် ဆုတောင်းတယ်

Call me Daddy (completed)Donde viven las historias. Descúbrelo ahora