အချစ်ဇာတ်လမ်းတိုင်းမှာ များသောအားဖြင့် happily ever afterဆိုပြီး ပေါင်းဖက်ရလေ့ရှိတဲ့ ဇာတ်ဆောင်နှစ်ဦးက ဖြူစင်ရိုးသားကြသတဲ့ တကယ်လို့ ဇာတ်ဆောင်နှစ်ဦးမှာ တစ်ဦးဦးက အတ္တတွေ ကြီးစိုးနေခဲ့ရင် အဲ့နှစ်ယောက်က ကွေကွင်းတတ်ပြီး sad ending နဲ့ အဆုံးသတ်ရလေ့ ရှိပါတယ်
အခုလည်း ရိပေါ့်လို ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ အတ္တသမားကြီးကို လောကပါလတွေက ပြစ်ဒဏ်ပေးပြီနဲ့ တူပါတယ် မား ပြောသမျှတွေကို သေချာပေါက်ကြားသွားလိမ့်မယ့် ရှောင်းကျန့်ကို ရိပေါ် ရင်မဆိုင်ရဲတာနဲ့ပဲ ထားပစ်ခဲ့မိတယ် ရိပေါ်က ရှောင်းကျန့် ထားရစ်ခဲ့လည်း နောက်က လိုက်မယ်လို့ အမြဲတမ်း ဆုံးဖြတ်ခဲ့ပေမယ့် တကယ်တမ်း အရေးအကြောင်း ကြုံလာရင် ရှောင်ပြေးထွက်ပြေးသူကလည်း ရိပေါ်ပဲ
အခုလည်း ရိပေါ် သူရဲဘောကြောင်ပြီး ထွက်ပြေးခဲ့မိလို့ ရှောင်းကျန့်ကို ဒုက္ခတွေ ထပ်ဆင့်ပေးမိပြီ ရှင်းပြတောင်းပန်မယ် ဆိုတဲ့ အဆင့်ကို ထားရစ်ခံရရင် ဘယ်လိုလုပ်ရပါ့ ဆိုတဲ့ ရိပေါ်ရဲ့ ကြောက်စိတ်က အနိုင်ယူသွားတာကြောင့် တစ်ကိုယ်ကောင်းဆန်စွာ ထွက်ပြေးမိပါတယ်
ဆိုင်အပြင်ဖက်ရောက်ပြီးကာမှ ရှောင်းကျန့်ရဲ့ လက်က သွေးတွေကို ပြန်တွေးမိတာကြောင့် စိုးရိမ်စိတ်နဲ့ ပြန်လှည့်မိတယ် အဲ့အချိန် ဆိုင်အတွင်းမှာ လူအုပ်စုက ရုတ်ရုတ်သဲသဲ ဘာများဖြစ်ကြတာလဲ
မား ရင်ခွင်ထဲမှာ ဖက်ထားတဲ့ ရှောင်းကျန့်ကို မြင်ရတော့ မျက်လုံးတွေ ပြာဝေသွားတယ် လူအုပ်ထဲ အတင်းဝင်ပြီး ရှောင်းကျန့်ကို အတင်းဆွဲယူမိတယ် လက်ထဲမှာ ပါလာတာက သွေးစတွေပဲ သတိလစ် တစ်ချက် ရတစ်ချက် ရှောင်းကျန့်ဆီက ရိပေါ်ရဲ့ နာမည်ကို တသသ ရွတ်နေပါရောလား ခါတိုင်း အားမရှိ အင်မရှိ ခနော်နီ ခနော်နဲ့ ရိပေါ်က ဒီနေ့မှ စူပါမန်းလို အားအပြည့်နဲ့ ရှောင်းကျန့်ကို ပွေ့ပြီး ပတ်ဝန်းကျင်ကို အကူညီတောင်းတယ်
ခြေမကိုင်မိ လက်မကိုင်မိ ပတ်ဝန်းကျင် လူအုပ်က ကလေးတစ်ယောက် နေမကောင်းဖြစ်လို့ အသည်းအသန် အပူလုံးကြွနေတဲ့ သားသည် အမေကြီးလို ရိပေါ့်ပုံစံ မြင်မှ ဆေးရုံကို ဖုန်းဆက်ဖို့ သတိရကြတယ် လူနာတင်ကား လာတော့ ရိပေါ်နဲ့အတူ မား ပါ အလုအယက် တက်လာတယ် အမှန်တိုင်းပြောရင် ရှောင်းကျန့် ဘေးနား ရိပေါ် ကလွဲ ဘယ်သူမှ ရှိမနေစေချင်ပေမယ့် အတင်းတွယ်ကပ်ပြီး လိုက်ခဲ့တဲ့ မား ကို မကောင်းတတ်လို့ ခေါ်ခဲ့ရတယ်
KAMU SEDANG MEMBACA
Call me Daddy (completed)