《Zawgyi》
Chapter-(2) အချိုကြိုက်သော အားယမ်လေး
ရှောင်ရှင်းချန် ဆရာမရဲ့ အမိန့်အတိုင်း ဆရာတူညီလေး ၃ယောက်ကို ဦးဆောင်ပြီး တောင်အောက်ကို ဆင်းလာခဲ့သည်။ ဖုတ်သရဲများသောင်းကျန်းနေသော ချန်မြို့ကို ထွက်လာခဲ့သည်။(မြို့နာမည်မေ့နေလို့ ချန်ဂိုဏ်းရှိတဲ့မြို့ မို့လို့ ချန်မြို့လို့ဘဲရေးလိုက်တယ်😅)
အရင်ဘဝက နိမ်နင်းရတာ ခက်ခဲ့ပေမဲ့ အခုတော့ ၁၀နှစ်သား အရွယ်ပေမဲ့ အဆင့်နိမ့်ဖုတ်သရဲလောက်ကတော့ အလွယ်လေးပင်
နိမ်နင်းနိုင်လေသည်။ ဒါပေမဲ့ သံသယဝင်မှာစိုးလို့ ဆရာတူညီလေးတွေကိုဘဲ တိုက်ခိုင်းထားပြီး ကိုယ်တိုင်ကတော့ ဟာကွက်လေးတွေဘဲ လိုက်ဖြည့်နေသည်။ရွာသားတွေကတော့ ကျေးဇူးတင်လွန်းတာမို့ အသပြာတွေနဲ့ ပူဇော်ကြလေသည်။ အရင်ဘဝက တော့ လက်မခံခဲ့ပေမဲ့ အခုတော့ သုံးလိုတာလေးသုံးရအောင် နဲနဲတော့ လက်ခံထားလိုက်သည်။
တစ်ရွာလုံးက သူရဲကောင်းလေး...ကျေးဇူးရှင်လေး...ဆိုပြီး ဝိုင်း ချီးမြှောက်ကျသည်။ ရှောင်ရှင်းချန် ပြုံးသာနေမိသည်။ အရင်တုန်းက အာ့လို ဝိုင်းကျေးဇူးတင်ကြတာကြောင့်ဘဲ အခုလို လူတွေကူညီချင်စိတ်တွေပေါက်ပြီး ၁၅နှစ်ပြည့်သည်နှင့် ဆရာမဆီ ခွင့်ပန်ပြီး တောင်အောက် အပြီးဆင်းလာခြင်းဖြစ်သည်။အခုဘဝတော့ တောင်ပေါ်မှာဘဲ တရားအားထုတ်ဖို့ စီစဉ်ထားလေသည်။လူတွေကို မကူချင်တော့လို့တော့မဟုတ်...နာကျင်မှုတွေကို မတွေ့ချင်တော့လို့သာ
'ငါမရှိလည်း လူတွေကို ကူညီမဲ့ အခြားသူရဲကောင်းတွေ ရှိပါတယ်လေ'
ဖုတ်သရဲတွေ နိမ်နင်းပြီးတော့ ဆရာတူညီလေးတွေက ပထမဆုံးတောင်အောက်ဆင်းတာ အပြင်လောကကို ခဏလောက်လေ့လာချင်ပါတယ်ဆိုပြီး ပူဆာလာတာမို့ ညနေစောင်း အမှီ စုရပ်ကိုပြန်လာဖို့ မှာပြီး လွှတ်ပေးလိုက်တော့သည်။
ရှင်းချန်ကိုယ်တိုင်လည်း ပျင်းတာမို့ ချန်မြို့ထဲဘဲ လှည့်ပတ်ကြည့်နေလိုက်သည်။
ချန်မြို့ထဲ လှည့်ပတ်ကြည့်နေတုန်း ကလေး၁ယောက်နဲ့ ဆူဆူညံညံအသံတွေကြားလို့ အသံလာရာကို အမြန်သွားကြည့်လိုက်သည်။
YOU ARE READING
Back to the beginning (Completed)
FanfictionCathရဲ့ Second XueXiao လေးပါ😁။ အရင် fanfic မှာက XueYang ကို time travel အနေနဲ့ရေးထားပြီး အခု fanfic မှာတော့ XXC ကို Rebirth အနေနဲ့ ရေးထားပါတယ်နော်😁 HE လား ~SE လား~ 🤔။ ကိုယ်တိုင်ဘဲ ဖတ်ကြည့်လိုက်ကြပါ😁😇