Chapter -4

1.1K 183 23
                                    

《Zawgyi》

အခန်း-(၄)_ကလေးထိန်းနေရပါသော ဆရာလေး

ရှောင်ရှင်းချန် ဘယ်လို ပြောပြောရွယ်ယမ်ကတော့ လွှတ်မည့်ပုံမပေါ်  ကိုကိုနဲ့ အတူလိုက်မယ်ချည်းပြောပြီး ရှင်းချန်ကို အတင်းဖက်ထားလေသည်။ ရှင်းချန်လည်း ပြောမရသည့်အဆုံး သူနှင့်အတူ ရွယ်ယမ်ကိုပါ ခေါ်လာရလေသည်။ ခေါ်လာတဲ့ တစ်လမ်းလုံး ရွယ်ယမ်သည် "ကိုကို"ချင်းထပ်အောင်ခေါ်နေလေသည်။

"ကိုကို တုတ်ထိုးသကြားလုံး စားချင်တယ်"

"..."

"ကိုကို ဈေးက လူအရမ်းရှတ်တာဘဲနော်"

"..."

"ကိုကို အားယမ်ညောင်းတယ်"

"..."

"ကိုကို အားယမ်ကို ချီပါ"

"..."

ရှောင်ရှင်းချန် တွေးမိသည်။
'ကလေးတိုင်းက တကယ်ကြီး ဒီလိုဘဲ စကားများကြတာလား'

ရှင်းချန်နောက်ဆုံး ရွယ်ယမ်ကို ချီပြီးခေါ်လာရတော့သည်။ထိုသို့မှ မခေါ်ရင်လည်း စုရပ်သို့ ရောက်တော့မည်မဟုတ်။ဒါတောင်မှ ထို ပိစိက အစကယက်ကန်ယက်ကန်လုပ်သေးသည်။ နောက်မှ စိတ်ဝင်စားစရာတွေ့သွားသယောင် မိမိ၏ ခေါင်းစည်းကြိုးနှင့် ဆံပင် အရှည်များကို ဆော့ရင်း လိုက်လာလေသည်။

€€€€€€

ရွယ်ယမ် တစ်ယောက် အလကားရသော ဝတ်ရုံဖြူကိုကိုပေါ်တွင်ပျော်နေလေသည်။ ခေါင်းစည်း အစကို ဆော့လိုက် ဆံပင် အရှည်များကိုဆော့လိုက်နှင့်...ပြီးတော့ ရွယ်ယမ် ရှင်းချန်ကိုကိုရဲ့ ကိုယ်သင်းနံ့လေးကို အတော်သဘောကျမိလေသည်။ ကိုကိုရဲ့ ဆံပင်တွေကို ပျင်းပျင်းနဲ့ကျစ်ဆံမြီး သေးသေးလေး ကျစ်နေရင်းသာ လိုက်လာလိုက်တော့သည်။ မိမိက တကယ် မညောင်းပေမဲ့ ချွဲချင်လို့ ချီလို့ပြောတာကို တကယ်ချီသွားလေသည်။ တကယ်တော့ ၁၀နှစ်အရွယ်ကလေး တစ်ယောက်က ၇နှစ်အရွယ် ကလေးတစ်ယောက်ကို ချီရတာ သိပ် အဆင်ပြေမှာ မဟုတ်မှန်း ရွယ်ယမ်သိပေမဲ့ ထိုလူသားလေးအပေါ် ဗိုလ်ကျချင်မိနေတယ်~~~ဘာလို့လဲတော့ မသိ မသိစိတ်က ထိုလူသားကို တွေ့တွေ့ချင်းပင် အလွန်ရင်းနှီးသလို ခံစားရပြီး အနိုင့်ကျင့်ပြီး နွဲ့ဆိုးဆိုးချင်နေမိသည်~~~

Back to the beginning (Completed)Tempat cerita menjadi hidup. Temukan sekarang