《Zawgyi》
အခန်း (၉) : တစ္ဆေစစ်သူကြီး လွတ်သွားပြီ
" ဇိချန် မင်း ဒီလူ့ကို သိလို့လား"
"အင်း သူက ရီလင်းလောင်းဇူရဲ့ တစ္ဆေစစ်သူကြီးလေ
..ရွယ်ယမ် မင်းသူ့ကို ဘာလို့ဖမ်းထားတာလဲ""ကျနော်ဖမ်းတာမဟုတ်ဘူး ပါး အဲလေ ကျင်းအဖိုးကြီးဖမ်းထားတာ"
"သူ့ကို လွှတ်ပေးလို့ရမလား"
"မပြောတတ်ဘူးလေ ရချင်ရမယ် မရရင်လည်းမရဘူး"
"ရွှယ်ချန်မေ မင်းအဲ့တာ ဘာကိုဆိုလိုတာလဲ"
"ရှင်းပါတယ် ကျနော့်ကိုကို ဆိုရင် ရတယ် ဆုံ့တောက်ကျန့် ခင်ဗျား အတွက်ဆိုရင်တော့မရဘူး"
"မင်း...ရှင်းချန် တစ်ခုခုပြောပါဦး"
"ငါမသိဘူး ဇိချန် ရီလင်းလောင်းဇူ အကြောင်း ကြားသမျှက တော့ ကောင်းတာမပါဘူး ကောလဟာလတွေ မယုံသင့်ဘူးဆိုပေမယ့် ကျင်းဂိုဏ်းလို သူတော်စင်ဂိုဏ်းကြီးက တော့ အပြစ်မဲ့သူကို အလကားမဖမ်းလောက်ပါဘူး ပြီးတော့ သူက ဖုတ်သရဲဆိုတော့ လွှတ်ပေးလိုက်ရင် သူငါတို့ကို ဒုက္ခပေးရင်ရော"
"မဟုတ်ဘူးရှင်းချန်...ရီလင်းလောင်းဇူက လူကောင်းတစ်ယောက် ဝမ်နင်းကလည်း ဖုတ်သရဲဆိုပေမဲ့ သူက လူတွေကို ကူညီတတ်တဲ့ စိတ်ထားကောင်းတဲ့သူပါ"
"ဆုံ့တောက်ကျန့်က သိလှချည်လား ထူးဆန်းလိုက်တာ...ဗဟုသုတ ကြွယ်ဝတာလား ဒါမှမဟုတ် အခြားတစ်ခုခုလား"
'ဟက်... ခင်ဗျားက မမှတ်မိချင်ယောင်ဆောင်ပြီး ကိုကို့နားကပ်နေတာ အခုဘယ်လိုရှင်းမလဲ ကြည့်ရသေးတာပေါ့'
ရွယ်ယမ် ဒီအတွေးတွေးချိန်မှာတော့ သူကိုယ်တိုင်လည်း မမှတ်မိချင်ယောင်ဆောင်ပြီး ရှင်းချန်ကို တွယ်ကပ်နေတယ်ဆိုတာကို မေ့နေလေသည်။
"ရှင်းချန် ကိုယ်တို့စကားပြောရအောင် နှစ်ယောက်တည်း..."
"ပြောချင် ဒီမှာဘဲပြောလေ... ဘာလဲ..တကယ်ပါဘဲ"
"အားယမ် လိမ္မာပါတယ်...ခဏနော် ကိုကို ပြန်လာခဲ့မယ်"
###########
VOCÊ ESTÁ LENDO
Back to the beginning (Completed)
FanficCathရဲ့ Second XueXiao လေးပါ😁။ အရင် fanfic မှာက XueYang ကို time travel အနေနဲ့ရေးထားပြီး အခု fanfic မှာတော့ XXC ကို Rebirth အနေနဲ့ ရေးထားပါတယ်နော်😁 HE လား ~SE လား~ 🤔။ ကိုယ်တိုင်ဘဲ ဖတ်ကြည့်လိုက်ကြပါ😁😇