《Zawgyi》
အခန်း(၁)_ပြန်လည်ရှင်သန်လာပြီ
ရှောင်ရှင်းချန် မျက်လုံး နှစ်ဖက် ပွင့်လာပြီး ရုတ်တရက်နိုးထလာလေသည်။ ရှောင်ရှင်းချန် ပထမဆုံး တွေးမိသည့် အတွေးက 'ငါမသေဘူးလား၊ ဒါမှမဟုတ် ဒါတွေအားလုံးက အိမ်မက်ဆိုး တစ်ခုလား'
ရှောင်ရှင်းချန် အိပ်ရာပေါ်မှ ဆင်းလာလေသည်။'နေပါဦး ငါ့ မျက်လုံးတွေ ပြန်မြင်နေရပါလား'
ရှောင်ရှင်းချန် မိမိကိုယ်ကိုကိုယ် ပြန်ငုံကြည့်လိုက်မိသည်။ငါဘာလို့ အာ့လောက်သေးနေရတာလဲဟ(ခန္တာကိုယ်ကို ပြောတာပါနော် မမှောင်ကြနဲ့ဦး😇)ရှောင်ရှင်းချန် ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်တော့ အတော်ရင်းနီးနေသလို ခံစားရသည်။ အခန်းထဲမှာ မှန်တစ်ချပ်တွေ့တာမို့ အနားသွားပြီး မြန်မြန်ယူကြည့်လိုက်လေသည်။
'ငါ ၁၀နှစ်အရွယ်ကို ပြန်ရောက်သွားတာလား'
+++++++++++++++++++
ရှောင်ရှင်းချန် အရင်အချိန်ကို ပြန်တွေးမိသွားလေသည်။ သွေးတွေ မျက်ရည်တွေနဲ့ နာကျင်မှုတွေသာ...နောက်ဆုံး မိမိဘဝကို အဆုံးမသတ်ခင်က ခံစားမိသည်က နာကျင်မှုနဲ့ နောင်တများသာ...အရာအားလုံးကို အစက ပြန်စချင်မိသည်...ရွယ်ယမ်...ထိုကောင်လေးကိုလည်း မမုန်းချင်တော့ အကြောင်းအရင်း သေချာမသိဘဲ ဝင်ပါမိသော မိမိကိုယ်ကိုသာ အပြစ်တင်မိတော့သည်။ အစက အပြစ်အားလုံးကို ထိုကလေးကိုသာ ပုံချမုန်းတီးမိပေမဲ့ တကယ်တော့ မိမိကိုယ်တိုင်လည်း အပြစ်မကင်း ဇိချန်ကိုလည်း မိမိလက်နဲ့သတ်ခဲ့မိလေတယ်....အစကပြန်စဖို့ မဖြစ်နိုင်မှန်းသိတာမို့ မိမိကိုယ်ကို အဆုံးသတ်ဖို့သာရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လွတ်မြောက်ချင်၍ အပြစ်များနာကျင်မှုများနှင့် ဆက်လက်မရှင်သန်နိုင်၍သာ....အခုတော့ ၁၀နှစ် ကလေးတစ်ယောက်အနေနဲ့ အသက်ပြန်ရှင်လာလေပြီ...ဆရာ့ရဲ့ နက္ခတ်တောင်တွင် လုံခြုံစွာရှိနေသေးသည်...တောင်အောက်တောင် မဆင်းရသေး...
□■□■□■□■□■□■□
ဒေါက်...ဒေါက်...
"ဆရာတူအကိုရေ...ဆရာမက တောင်အောက်မှာ မကောင်းဆိုးဝါး သွားနှိမ်နင်းရမယ်တဲ့..."
ESTÁS LEYENDO
Back to the beginning (Completed)
FanficCathရဲ့ Second XueXiao လေးပါ😁။ အရင် fanfic မှာက XueYang ကို time travel အနေနဲ့ရေးထားပြီး အခု fanfic မှာတော့ XXC ကို Rebirth အနေနဲ့ ရေးထားပါတယ်နော်😁 HE လား ~SE လား~ 🤔။ ကိုယ်တိုင်ဘဲ ဖတ်ကြည့်လိုက်ကြပါ😁😇