《Zawgyi》
"ကိုကို"
"..."
"တောက်ကျန့်ကိုကို"
"..."
"ရှင်းချန်ကိုကို"
"..."
"တောက်ကျန့်!!!"
"..."
"အိုက်ယား...ကိုကိုရယ်...ကျနော်တောင်းပန်ပါတယ်..ဖတ်လုပ်ပါဦး"
မှန်ပေသည်...ရှောင်တောက်ကျန့်တစ်ယောက် သူ့ချစ်ချစ်အား စိတ်ကောက်ကာ မကြားချင်ယောင်ဆောင်၍ တရားထိုင်နေခြင်းဖြစ်သည်။ စိတ်ကောက်ရသည့် အကြောင်းက ညက ရွှယ်ယမ် အလွန်ကြမ်းခဲ့၍....အစက ငြင်သာပါမည်ဟု ဆိုထားသော်လည်း တဖြေးဖြေး ပို၍ပို၍သာ ကြမ်းလာသည်။ ရှင်းချန် သက်ညှာဖို့ တောင်းဆိုလိုက်တိုင်း ရွှယ်ယမ်ပိုပြီး စိတ်လှုပ်ရှားလာပုံပေါ်ကာ ပိုပြီး ရက်စက်ကြမ်းတမ်းလာလေသည်။ နောက်ဆုံးတွင် သနားစရာတောက်ကျန့်လေးခမျာ မိုးလင်းခါနီး သူသတိလစ်သွားသည်အထိ အချစ်ခံရရှာတော့သည်။
ထို့ကြောင့်လည်း အခု ရှင်းချန်တစ်ယောက် ကျိုးမတတ်နာနေသောခါးနှင့် အောက်ပိုင်းတစ်နေရာကိုရော ရွှယ်ယမ်ကိုရော လစ်လျူရှုကာ ကုတင်ပေါ်တွင် တရားထိုင်နေခြင်း ဖြစ်သည်။ ထိုဂျီကျနေသော အကောင်ပေါက်ကို မျက်လုံးဖွင့်ကြည့်ချင်မိပေမဲ့ မနေ့ညအတွက် အပြစ်ပေးလို၍ တမင်တရားထိုင်နေခြင်းဖြစ်သည်။
"တောက်ကျန့်...အခုထိုင်နေတာ ကုတင်ပေါ်မှာနော်...ဒီတစ်ခေါက် ခေါ်တာမှ မထူးရင် ညကလို နောက်တစ်ချီ ထပ်နွှဲပစ်လိုက်မှာနော်..."
"ဟွန့်"
"ကိုကို...ကျွန်တော့်ကို ချစ်လား"
"မချစ်ဘူး"
"ကိုကို!!!"
"ချစ်စရာလား...ညက ငါဖြင့် ခါးကျိုးပြီတောင် ထင်နေတာ"
"ကိုကိုကလည်း...ချစ်လို့ပါ...ညကအတွက် ကျနော် တာဝန်ယူပါ့မယ်"
"ဘယ်လိုယူမှာလဲ"
"ကျွန်တော်တို့ လက်ထပ်ကြမယ်လေ"
"ဒါပေမဲ့ ငါက မိန်းကလေးမှ မဟုတ်တာ"
"ကျွန်တော်တို့ ညက...အဟမ်း...တောင် လုပ်လို့ရလို့ လုပ်ပြီးပြီလေ...မင်္ဂလာဆောင်တာများ ဘာခက်တာမှတ်လို့..စုံတွဲကျင့်စဉ်တောင် ကျင့်လို့ရရင် လက်ထပ်လို့ ဘာလို့မရ ရမှာလဲ"
ESTÁS LEYENDO
Back to the beginning (Completed)
FanficCathရဲ့ Second XueXiao လေးပါ😁။ အရင် fanfic မှာက XueYang ကို time travel အနေနဲ့ရေးထားပြီး အခု fanfic မှာတော့ XXC ကို Rebirth အနေနဲ့ ရေးထားပါတယ်နော်😁 HE လား ~SE လား~ 🤔။ ကိုယ်တိုင်ဘဲ ဖတ်ကြည့်လိုက်ကြပါ😁😇