Chapter-13

820 129 10
                                    

《Zawgyi》

ဇိချန် ရွှယ်ယမ်ထွက်သွားပြီး သိပ်မကြာခင် ရှင်းချန်နှင့် ဝမ်နင်းကို ခေါ်ကာ ပိုင်ရွှယ်သို့ ပြန်လာခဲ့သည်။ပိုင်ရွှယ်ကျောင်းရှိ အခန်းတစ်ခန်းတွင် ရှင်းချန်ကို နေရာချပေးပြီး အားနင်းဆီထွက်လာလိုက်သည်။ သူရောက်တော့ ဟိုချောင်းဒီချောင်း လုပ်နေသော အကောင်ပေါက်လေးကို တွေ့လိုက်ရသည်။

"အားနင်း!"

ရုတ်တရက် တကိုယ်လုံး တုန်တက်သွားကာ မျက်လုံး အပြူးသားနဲ့ ကြည့်နေသော ဝမ်နင်းလေးအား ဆုံ့လန်ကြည့်ရင်းနဲ့ အသည်းယားလာမိသည်။

"အားနင်း...ဘာတွေချောင်းနေတာလဲ"

"ဟို..ဟိုလေ ကျနော်က ဒီကို အရင်ဘဝက တစ်ခါမှ မရောက်ဖူးလို့...ပိုင်ရွှယ်က အရမ်းလှတာဘဲနော်.."

"အားနင်း သဘောကျရင် ကိုယ်နေရာ အနှံ့လိုက်ပြပေးမယ်လေ"

"ဟုတ်...ကျေးဇူးပါ အကိုဆုံ့"

"ကိုကို"

"..."

"ကိုကိုလို့ခေါ်...ရှင်းချန်ကို ဟိုရွှယ်ချန်မေခေါ်သလိုမျိုးလေး"

"ကို...ကိုကို"

"အားနင်းလေးက အရမ်းချစ်ဖို့ကောင်းတာဘဲ"

"ဗျာ!!!"

"လာလေ...ပိုင်ရွှယ် အနှံ့လိုက်ပြမယ်"

"ဟုတ်..ဟုတ်"

&&&&&&&&&&&

ရှင်းချန် အားယမ်မရှိတဲ့ ၅နှစ်အတွင်း နေရာအနှံ့လှည့်လည်သွားကာ ညအမဲလိုက်၍ နေဖြစ်သည်။အစက ဇိချန်ရဲ့ ပိုင်ရွှယ်ကျောင်းမှာ နေပေမဲ့ ကြာလာတော့ ဇိချန်ကို အားနာရသလို ဇိချန်နဲ့ ဝမ်သခင်လေးတို့ ၂ယောက်ကြားတွင် မိမိအနေရခက်တာလည်း ပါသဖြင့် ခြေဦးတည့်ရာသာ လျှောက်သွားနေလိုက်သည်။

(Cath : third wheel ဖြစ်နေလို့ အနေခက်တာမလား..လာလာ ဆရာလေး Cathဆီကိုလာ)

၅နှစ်ပြည့်လို့ အားယမ်ကို သွားခေါ်ဖို့ လန်လင် ကျင်းဂိုဏ်းကို သွားပေမဲ့ လမ်းမှာ မုဆိုးမအိုကြီးကို ကူညီပေးနေရတာနဲ့ ၁ပတ်နောက်ကျသွားလေသည်။ရှင်းချန် တစ်ယောက် အားယမ်ကို ဘယ်လို ချော့ရမလဲ တွေးပြီး ကျင်းဂိုဏ်းကို ရောက်လာပေမဲ့ ဟိုရောက်တော့ ကျင်းသခင်လေးကသာ စီးကြိုနေလေသည်။

Back to the beginning (Completed)Onde histórias criam vida. Descubra agora