Chapter-12

808 128 16
                                    

《Zawgyi》

ရှောင်ရှင်းချန်နဲ့ ရွယ်ယမ်တို့ နှစ်ယောက်သား မြို့တကာလှည့်သွားလိုက်..ညနေခင်း အမဲလိုက်လိုက်နဲ့ နေလာတာ ၄,၅လခန့်ကြာပြီ ဖြစ်သည်။တနေ့ မြို့တစ်မြို့ရှိ စားသောက်ဆိုင်လေးတွင် နှစ်ယောက်သား ထမင်းဝင်စားကြတုန်း ကျင်းကွမ်ရောင်နှင့်ဆုံလေသည်။

"ရွယ်!!!ချန်!!!မေ!!! လက်စသတ်တော့ မင်းကဒီမှာကိုးး"

"ဩော်...ကျင်းအဖိုးကြီးပါလား...ဘာလဲ ထမင်းတူတူစားမလို့လား.. ဝယ်မကျွေးဘူးနော် ဒီပိုက်ဆံတွေက ကိုကို ပင်ပင်ပန်းပန်းရှာထားရတာ"

"ဘယ်သူက ဝယ်ကျွေးခိုင်းနေလို့လဲ...ရွယ်ချန်မေ မင်းဒီတစ်ခေါက်မွှေတာ လွန်သွားပြီလို့ မထင်ဘူးလား"

"မထင်ပါဘူး"

"ဘာကွ ငါမှာတော့ အဖေ့ဆီမှာ ဆူခံလိုက်ရတာ မပြောနဲ့ မင်းအတွက်လည်း မနည်းတောင်းပန်ထားရတယ်...အခုဟာက ခွင့်လွှတ်လို့တော့မရဘူး ပြစ်ဒဏ်အနေနဲ့ ၅နှစ်ဂူပိတ်လေ့ကျင့်ပြီး အပြစ်ကို သုံးသပ်ရမယ်"

"ပါးကလည်း...ခင်ဗျားဘဲ အရင်က ကျနော်မွှေသမျှရှင်းပေးမယ်ဆို"

"ခုဟာက လွန်သွားပြီလေ...အရင်လို ထမင်းဆိုင်မှာ ပိုက်ဆံမပေးဘဲစားပြီး ထွက်ပြေးတာတို့ စားမကောင်းလို့ ပန်းကန်တွေခွဲပစ် စားပွဲမှောက်ပစ်တာလောက်ဆို ငါရှင်းနိုင်တယ် အခုဟာက မီးအကြီးကြီးမွှေးထားတာလေ...ငါနဲ့ ပြန်လိုက်ခဲ့"

"မလိုက်နိုင်ပါဘူး"

"အားယမ် လိုက်သွားလိုက်ပါ...ဒီကိစ္စက ကိုကို့ အပြစ်လည်း မကင်းဘူးလေ...အားယမ်ပျင်းရင် ကိုကိုလည်း အတူပြစ်ဒဏ်ခံယူပေးမယ်"

"ကိုကိုက ပြစ်ဒဏ်ခံစရာလား...ကောင်းပြီ ကျနော်ပြန်လိုက်သွားမယ်..အဲ့အစား ကိုကို ကတိ၁ခုတော့ပေး"

"ဘာကတိလည်း"

"ကျွန်တော် ပြန်လာရင် စုံတွဲကျင့်စဉ် ကျင့်ရမယ်"

"သဘောတူတယ်"

"ဒါ...ဒါက..ရှောင်တောက်ကျန့် ခင်ဗျား သူဘာကို ဆိုလိုတာလဲ သိရဲ့လား...စုံတွဲကျင့်စဉ်ကျင့်တယ်ဆိုတာကို တောက်ကျန့်သိရဲ့လား...ကတိတွေ လျှောက်မပေးသင့်ဘူးနော်"

Back to the beginning (Completed)Onde histórias criam vida. Descubra agora