Chapter-5

1.1K 177 7
                                    

《Zawgyi》

အခန်း-(၅)_ကိုကိုက အားယမ် အပိုင်

ရှောင်ရှင်းချန် ဆရာမ ခွင့်ပြုချက်ရတာနဲ့ အားယမ်ဆီကို ပျော်ပျော်ကြီးထွက်လာခဲ့လေသည်။
ရှင်းချန်တွေးမိသည်။

'နောက်ဆုံးတော့ငါ အတိတ်ကိုပြောင်းလဲနိုင်ခဲ့ပြီပဲ...အားယမ်လည်း ငါနဲ့အတူ တောင်ပေါ်မှာဘဲ လိမ္မာတဲ့ ကလေး တစ်ယောက်အနေနဲ့ဘဲ ကြီးပြင်းလာတော့မယ်။ပြီးတော့ ဇိချန်...ငါတို့ ၂ယောက်နဲ့သာ မတွေ့ရင် သူ့ပိုင်ရွှယ်ဂိုဏ်းမှာဘဲ အဆင်ပြေနေမှာပါ....အင်း....အားချင်...သူလည်း အဆင်ပြေနေမှာပါလေ'

ရှင်းချန် အခန်းထဲရောက်တော့ သူ့အိပ်ရာပေါ်မှာ ကွေးကွေးလေး အိပ်နေသောအားယမ်ကိုတွေ့လေသည်။ထိုပုစွန်ထုပ်ကွေးကိုကြည့်ပြီး ရှင်းချန်တွေးမိပြန်သည်။

'ဒီကလေးက တကယ်တော့ အတော်ချစ်ဖို့ကောင်းသားဘဲ အရင်ဘဝကသာ....အင်း...အရင်ဘဝကလည်း သူ့အပြစ်ချည်းဘဲတော့မဟုတ်ပါဘူး သူ့ဘဝက နာကျင်မှုတွေနဲ့ ပြည့်နေခဲ့တာကို...ငါ့မှာက ငါ့ကိုချစ်ပေး ဂရုစိုက်ပေးတဲ့ ဆရာရှိသေးပေမဲ့ သူ့ဘဝမှာတော့ ဘယ်သူမှမရှိခဲ့ဘူးလေ....စိတ်ချ အားယမ် အခုက စပြီး ကိုကိုမင်းကို ကာကွယ်ပေး ဆုံးမသွန်သင်ပေးပြီး ဂရုစိုက်ပေးပါ့မယ်'

ရှင်းချန် ကိုယ့်အတွေးနဲ့ကို ပြုံးရင်း အားယမ်ကို စောင်ခြုံပေးဖို့ အနားသွားလိုက်လေသည်။ စောင်ခြုံပေးနေတုန်း ရုတ်တရက်ဆောင့်ဆွဲ ခံလိုက်ရတာမို့ ခုတင်ပေါ် လဲကျသွားလေသည်။ ရွယ်ယမ်က ရှင်းချန်ထက် လူကောင်သေးပေမဲ့ အားကတော့ အတော်သန်လေသည်။ပြီးတော့ ရုတ်တရက်ဆန်တာမို့ ရှင်းချန် ရွယ်ယမ့် ရင်ခွင်ထဲသို့ရောက်သွားလေသည်။ ရင်ခွင်ထဲသို့ ဆိုရာတွင် အမှန်ကတော့ ရှင်းချန်ကို ရေဘဝဲတကောင်လို ခြေလက်လေးဘက်လုံးဖြင့် ဖက်လျက်ခွထားခြင်းသာဖြစ်လေသည်။

ရှင်းချန် လန့်ကာ ရုန်းထွက်ဖို့ လုပ်ပေမဲ့ အားယမ်ရဲ့ စကားကြောင့် ပြန်ငြိမ်ကျသွားမိသည်။

"ကိုကို....အားယမ်ကို မထားသွားပါနဲ့...အားယမ်ကြောက်တယ်...အားယမ်နဲ့ တူတူအိပ်ပေးပါလားဟင်"

Back to the beginning (Completed)Where stories live. Discover now