《Zawgyi》
အခန်း(၈) :မသိစိတ်ထဲမှ အူတိုမှုများ
ရှင်းချန်တစ်ယောက် မသိစိတ်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေပြီး အချဉ်ဓာတ်ကိုခံစားနေရလေသည်။ရွယ်ယမ်ကို ကျင်းသခင်လေးနဲ့ အတွဲညီညီတွေ့လိုက်ရတာမို့လို့ စိတ်ထဲတစ်မျိုးတစ်မည် ခံစားနေရလေသည်။
'ငါကတော့ စိတ်ပူနေလိုက်ရတာ သူကတော့ ကျင်းဂိုဏ်းမှာ ကျင်းသခင်လေးနဲ့ တော်တော်ပျော်နေတာဘဲ...နေပါဦး...သူအဆင်ပြေနေတာ ငါဝမ်းသာသင့်တာမဟုတ်ဘူးလား အရင်ဘဝကလို့ ချန်တစ်အိမ်လုံးကိုလည်း မသတ်ထားဘူးလေ'
"ကိုကိုကလည်း ကြည့်...ဘာတွေ တွေးနေပြန်ပြီလည်း အားယမ်နဲ့ မတွေ့တာကြာပြီကို ထမင်းလေးတောင် တူတူမစားချင်တော့ဘူးလား"
"ဟင်...အင်း...စားမယ်လေ...ကျင်းသခင်လေး အခုလို ဖိတ်ကြားမှု အတွက် ကျေးဇူးတင်ပါတယ်နော်"
"မဟုတ်တာ....ကျနော်တို့ ကျင်းဂိုဏ်းကသာ ရှောင်တောက်ကျန့် အခုလို ကြွရောက်ပေးမှာကိုဘဲ ကျေးဇူးတင်ပါတယ်"
ရှင်းချန် အစက ငြင်းဆိုဖို့ ကြံရွယ်ထားပေမဲ့ ရွယ်ယမ် ဒီအတောအတွင်း ဘယ်လိုနေခဲ့လည်း သိချင်တာမို့ လင်ခံလိုက်လေသည်။
ထိုနောက်မှာတော့ ကျင်းသခင်လေးက အလိုက်တသိ နှစ်ယောက်ထဲ စကားပြောရန် ရှောင်ပေးလေသည်။
"အားယမ် ဒီအတောအတွင်း အဆင်ပြေရဲ့လား"
"ကိုကို ကျနော့်ကို မလိုချင်တော့ဘူးဆိုတာ တကယ်လား"
ရှင်းချန်ရဲ့ အမေးကို ရွယ်ယမ်က မေးခွန်း တစ်ခုဖြင့်သာ ပြန်လည်တုံ့ပြန်လေသည်။
"မဟုတ်ဘူး အားယမ်...ငါတစ်ချိန်လုံး မင်းကို စိတ်ပူနေတာ....ဆရာမက ဂူပိတ်လေ့ကျင့်ခိုင်းနေလို့သာ... မဟုတ်ရင်...."
"မလိုချင်တော့တာ မဟုတ်ရင်ပြီးတာပါဘဲ....ကိုကို မလိုချင်တော့ရင်တောင်မှ ကျနော်က ကိုကို့ ကို လွှတ်ပေးမှာ မဟုတ်ဘူး"
€€€€€€€€€€€€€€€€€€€€
ညနေ ညစာစားပွဲကို ရှင်းချန် ဆုံ့လန်ကိုပါ ခေါ်သွားလေသည်။ ညစာစားပြီးနောက် ရွယ်ယမ် တစ်ယောက် ရှင်းချန်ကို ဘယ်သူမှ မသိအောင် ကျင်းဂိုဏ်းရဲ့ တစ်နေရာကို အသာလေးခေါ်သွားလေသည်။
YOU ARE READING
Back to the beginning (Completed)
FanfictionCathရဲ့ Second XueXiao လေးပါ😁။ အရင် fanfic မှာက XueYang ကို time travel အနေနဲ့ရေးထားပြီး အခု fanfic မှာတော့ XXC ကို Rebirth အနေနဲ့ ရေးထားပါတယ်နော်😁 HE လား ~SE လား~ 🤔။ ကိုယ်တိုင်ဘဲ ဖတ်ကြည့်လိုက်ကြပါ😁😇