Chapter-14

817 118 15
                                    

《Zawgyi》

ရှင်းချန် ရွှယ်ယမ်ကို တင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။ မိမိရဲ့ ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ကျလာသည့် မျက်ရည်များနှင့်အတူ ဖွင့်ပြောမိသည်။

"အားယမ် ငါအရမ်းကြောက်တယ်..ငါက မင်းငါ့ကို မလိုချင်တော့ဘူး မေ့သွားပြီ ထားသွားပြီလို့ထင်နေတာ..ငါမင်းကို မထွက်သွားခိုင်းသင့်ဘူး...ငါအတင်းဆွဲထားခဲ့သင့်တာ...အားယမ် မင်းငါ့ကို အရင်ကလိုမျိုး မုန်းသွားမှာကို ကြောက်တယ်...ငါ...ငါ.."

အားယမ် မျက်ရည်များကျကာ အသံများပင် တုန်ဝင်လာသည့် ဆရာလေးကို ပိုပြီးတင်းကျပ်စွာဖက်လိုက်ကာ..

"ကျွန်တော်က ကိုကို့ကို ထားသွားစရာလား...ကျွန်တော်က ကိုကို့ကို အရမ်း...ချစ်...တာ..."

"ဟင်"

ရှင်းချန် လန့်သွားကာ ရွှယ်ယမ်ကို မော့ကြည့်လိုက်တော့ အရင်လို လှောင်ပြုံးမျိုး မဟုတ်ဘဲ နူးညံနွေးထွေးစွာပြုံးနေသည်ကို တွေ့လိုက်ရသည်။ထိုအပြုံးက ချိုမြိန်လွန်းသဖြင့် ရှင်းချန်ရင်ထဲ နွေးသွားလေသည်။

'အားယမ်က အရမ်းချောတာဘဲ အပြုံးချိုချိုလေးနဲ့ တကယ့်နတ်သားလေးလိုဘဲ'

"ကိုကို ဘာလို့ ကျွန်တော့်ကို အဲ့လောက်စိုက်ကြည့်နေရတာလဲ"

"ချောလို့"

"အို"

ရှင်းချန် မိမိစိတ်ထဲမှာ အတွေးကို ထုတ်ပြောမိသွားသဖြင့် မျက်နှာတစ်ခုလုံး ရဲတက်လာကာ ပူထူလာလေသည်။ဖြစ်နိုင်ရင် တွင်းတစ်ခုသာ ချက်ချင်းတူးပြီး ဝင်ပုန်းနေချင်မိတော့သည်။

ရွယ်ယမ် ရှင်းချန်နားကပ်ကာ တိုးညင်းစူးရှစွာပြောလိုက်သည်။ သူ့ရဲ့ ထွက်သက်ဝင်သက်က ရှင်းချန်ရဲ့ နားကို ရိုက်ခတ်သွားကာ ရှင်းချန် ကြက်သီးများပင်ထလာလေသည်။

"ချောတယ်ဆိုပြီး ဘာလို့ခေါင်းကြီးကို ငုံထားတာပြန်တာလဲ..ချောရင် ကျွန်တော့်ကို သေချာကြည့်နေလေ..ခေါင်းအစ ကိုယ်အဆုံး..."

"အားယမ်..."

"ကိုကို...ကျွန်တော် ၁၈နှစ်ပြည့်ပြီနော်"

Back to the beginning (Completed)Where stories live. Discover now