Chapter-6

1K 164 12
                                    

《Zawgyi》

အခန်း-(၆) အထင်လွဲခြင်း နှင့် ခွဲခွာရခြင်း

ဘာလိုလိုနှင့် ရွယ်ယမ်တစ်ယောက် နက္ခတ်တောင်ပေါ်ရောက်နေတာ ၁နှစ်ပင်ပြည့်တော့မည်။ ကိုကိုမှ လွဲပြီး ဘယ်သူမှ သူ့ကို သဘောမကျမှန်း ရွယ်ယမ်သိပေသည်။ ယောကျာ်းလေးများကလည်း ရှင်းချန်အားကိုးဖြင့် ပေါ်ကြော့နေ နေသောကြောင့် သူ့ကိုကြည့်မရပေ။ သူကလည်း အနိုင်ကျင့်သေးပြီးရင် သူကဘဲ ရှင်းချန်ကို သနားစရာရုပ်လေးလုပ်ပြီး သွားသွားတိုင်တတ်သောကြောင့်လည်းပါသည်။

မိန်းကလေးများကလည်း အမြင်ကပ်ကြသည်။ သူတို့ အမြင်ကပ်တာက ယောကျာ်းလေးတွေနဲ့တော့မတူ သူတို့ တစ်ဖက်သတ်ရင်ခုန်ရပါသော ဆရာတူအကိုကြီးအား ရွယ်ယမ်က အလကားနေ ကိုကိုချင်း ထပ်အောင်ခေါ်၍ ခိုင်းစားနေသောကြောင့်သာ....

ဒါတွေသိပေမဲ့လည်း ရွယ်ယမ်ကတော့ ဂရုမစိုက်ပါ။ အဲ့ဒီလူသားအပေါ် ဗိုလ်ကျနေရတာနဲ့ အသားကျနေသလို....ကိုကိုကတော့ အားယမ် တစ်ခွန်းဆို တစ်ခွန်းလိုက်လျောပေးတတ်သည် ...

အခုလည်း မုန့်ချိုစားချင်တယ်လို့ ပူဆာလို့ သူကိုယ်တိုင် မီးဖိုချောင်ဝင်ပြီး သွားလုပ်ပေးနေလေသည်။

^^^^^^^^^^^^

ပေါင်ရှမ်းစမ်းရမ်တစ်ယောက် ရွယ်ယမ်ဆိုသော ကောင်လေးကို အတော်ကြည့်မရဖြစ်နေမိသည်။ ထိုကောင်စုတ်လေးက မိမိ၏ ချစ်ရပါသော တပည့် အလိမ္မာတုံးလေးကို တချိန်လုံး ခိုင်းစားနေသောကြောင့်သာ....
ရှင်းချန်ခမျာ တနေ့နေ့ ကောင်းကောင်း မကျင့်ကြံရဘဲ ကလေးထိန်းနေရသည်။ ပေါင်ရှမ်းစမ်းရမ် တွေးလိုက်သည်...'ငါ့တပည့် အနာဂတ်ကို အပျက်စီးမခံနိုင်ဘူး...ဟိုကောင်စုတ်လေးကို တခုခုလုပ်မှာဘဲ'

%$%$%$%$

ရှင်းချန် မုန့်လုပ်ပြီး အားယမ်ဆီ ပို့ဖို့လုပ်နေစဉ် ဆရာတူညီလေး တစ်ယောက် ရောက်လာလေသည်။

"အကိုကြီး ဆရာမခေါ်နေတယ်"

"ကောင်းပြီ အကို ဒါလေးအားယမ်ဆီပို့ ပြီးရင် သွားလိုက်မယ်"

"ဆရာမက အခုချက်ချင်းလာပါတဲ့"

"အာ့တာဆိုလည်း ဒါလေးကို အားယမ်ဆီပို့ပေးဖို့ ညီလေးကိုဘဲ အကူညီတောင်းရတော့မှာဘဲ"

Back to the beginning (Completed)Tempat cerita menjadi hidup. Temukan sekarang