《Zawgyi》
အခန်း-(၁၀): မိမိကိုယ်တိုင်ပင် သတိမထားမိသောခံစားချက်များ
ဝမ်နင်း နိုးလာတော့ လိုဏ်ဂူတစ်ခုထဲသို့ရောက်နေလေသည်။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ သူက ကျောက်ဖျာတစ်ချပ်ပေါ်မှာ အိပ်ပျော်နေခြင်းဖြစ်သည်။ကျောက်ဖျာဘေးမှာတော့ ဆုံ့တောက်ကျန့် အကိုဆုံ့က ဘေးကို မှီပြီး အိပ်နေလေသည်။
အနှီလူကို မနိုးစေချင်တာမို့ ဝမ်နင်းအသာလေးထပြီး ဂူအပြင်ဘက်ကို အခြေနေထွက်ကြည့်ဖို့ ပြင်လိုက်သည်။ရုတ်တရက် လက်တစ်ဖက်က သူ့ကိုလှမ်းဆွဲလျက်....
"ရှင်းချန်...ကိုယ်တောင်းပန်ပါတယ်...ကိုယ့်ကိုမထားသွားပါနဲ့..."
ဝမ်နင်း ဘယ်ဘက်ရင်အုံထဲမှ ဆစ်ခနဲအောင့်သွားသည်။
'အကိုဆုံ့က ရှောင်တောက်ကျန့်ကို အရမ်းချစ်တာဘဲနော်...အိပ်မက်ယောင်တာတောင်မှ ရှောင်တောက်ကျန့်နာမည်ဘဲ...ကျနော်က အဲ့လို အခွင့်ရေးမျိုးလိုချင်လိုက်တာ... ကျနော်က ရှောင်တောက်ကျန့်နဲ့ မနိုင်းယှဉ်နိုင်ပေမဲ့ ရှောင်တောက်ကျန့်လိုမျိုး ကံကောင်းချင်မိတယ်'
အရင်ဘဝက ဝမ်နင်းက ဝေ့သခင်လေးကို ကူညီရင်း ဆုံ့တောက်ကျန့်ကို ပထမဆုံးတွေ့ဆုံခဲ့သည်။နောက်ပိုင်း ဝေ့သခင်လေးအိမ်ထောင်ကျတော့ ဝမ်နင်း ကိုယ့်ဘဝကို ကျောင်းရင်း ညည့်အမဲလိုက်ရင်း ဆုံ့တောက်ကျန့်နှင့် မကြာခဏတွေ့ဆုံမိသည်။နောက်ပိုင်း တူတူ ညည့်အမဲလိုက်ဖြစ်သည်အထိ ရင်းနှီးလာသည်တွင်တော့ ဝမ်နင်း ဆုံတောက်ကျန့်အပေါ်ထားသော မိမိခံစားချက်များက ဟန်ကွမ်ကျွင်းအပေါ်ထားတဲ့ ဝေ့သခင်လေးရဲ့ ခံစားချက်မျိုးဆိုတာကို ရိပ်မိလာလေသည်။အရင်ဘဝက ဆုံ့တောက်ကျန့်က စကားမပြောနိုင်တော့တာမို့ အသံကို တစ်ခါမှမကြားဖူးခဲ့...ဝမ်နင်းတစ်ခါလောက် အသံကြားဖူးချင်ခဲ့သည်....အရင်ဘဝကလည်း ဝမ်နင်းက ဆုံ့တောက်ကျန့်အတွက် မိတ်ဆွေတစ်ယောက်ထက်မပိုခဲ့ပါ...တစ်ချိန်လုံး ရှောင်တောက်ကျန့် အသက်ပြန်ရှင်လာရေးကိုသာတွေးနေခဲ့သည်...ဝမ်နင်း ကူညီ၍ အချိန်ပြန်လှည့်စေခြင်းနည်းလမ်းအား ရှာဖွေတွေ့ရှိ၍ ယခု ပြန်လည်ရှင်သန်ချိန်တွင်တော့..ဆုံ့တောက်ကျန့်ရဲ့ အသံကို ကြားဖူးလေပြီ..အသံက ခပ်ဩဩ ခပ်ရှရှနှင့် အလွန်ဆွဲဆောင်မှုရှိပြီး နားထောင်လို့ကောင်းလှသည်...သိုပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဆုံ့တောက်ကျန့်ခေါ်နေတဲ့ နာမည်က သူ့နာမည် မဟုတ်ခဲ့ပါ....
BINABASA MO ANG
Back to the beginning (Completed)
FanfictionCathရဲ့ Second XueXiao လေးပါ😁။ အရင် fanfic မှာက XueYang ကို time travel အနေနဲ့ရေးထားပြီး အခု fanfic မှာတော့ XXC ကို Rebirth အနေနဲ့ ရေးထားပါတယ်နော်😁 HE လား ~SE လား~ 🤔။ ကိုယ်တိုင်ဘဲ ဖတ်ကြည့်လိုက်ကြပါ😁😇