Chapter-11

858 130 36
                                    

《Zawgyi》

အခန်း-(၁၁)ရှင်းချန်လေး ရှက်နေပြီ

ဝမ်နင်းကို လွှတ်ပေးလိုက်သည့် နေ့တွင် ရွယ်ယမ်လည်း ဆရာလေးကို ခေါ်ကာ ကျင်းဂိုဏ်းမှထွက်လာခဲ့သည်။

၂ယောက်သား ညဖက်မီးအိမ်လေးကိုင်ကာ လမ်းလျှောက်လာရင်း...

"ကိုကို ညဖက်ကောင်းကင်ကို ကြည့်ရတာ ကြိုက်လား"

ရှင်းချန် ကောင်းကင်ကို မော့ကြည့်ရင်း...

"အွန်း ကြိုက်တယ်...အားယမ်ရော"

"အရမ်းကြိုက်တာ...ကျနော်က ကြယ်လေးတွေ(ရှင်းရှင်း)ကို ကြည့်ရတာ အရမ်းသဘောကျတယ်"

ရှင်းချန် ရုတ်တရက် မျက်နှာပူလာလေသည်။

'သူပြောတဲ့ ရှင်းရှင်းက ကြယ်လေးတွေကိုလေ..ငါက ဘာလို့ စိတ်ထဲ ငါ့ နာမည်ခေါ်နေတယ်လို့ထင်မိနေတာလဲ'

"ကိုကိုသိလား မဟူရာရောင် ကောင်းကင်ကြီးမှာ ငွေရောင် ကြယ်မှုန်တွေ(ရှင်းချန်)က အရမ်းလှတာ...ကျနော်လေ..ကြယ်မှုန်တွေ(ရှင်းချန်)ကိုအရမ်းပိုင်ဆိုင်ချင်တာဘဲ...ကြယ်မှုန်တွေ(ရှင်းချန်)ဆီကနေ တခဏလေးတောင် အကြည့်မလွဲချင်ဘူး...ကိုကိုရော ဘယ်လို သဘောရလဲ"

ရွယ်ယမ် ပြီတီတီပြုံးရင်းနဲ့ ရှင်းချန်ကို စိုက်ကြည့်ကာ ထိုစကားများကို ပြောလိုက်သည်။

ရှင်းချန် ရှက်လွန်းလို့ မျက်နှာတစ်ခုလုံးရဲနေကာ ခေါင်းလေးငုံ့ထားလေသည်။

'ဒီနေ့ ဒီကလေးကဘဲ ထူးဆန်းနေတာလား..ငါကဘဲ အတွေးတွေလွန်နေတာလား..ငါ့ ရင်တွေကရော ဘာလို့ အဲ့လောက်ခုန်နေပါလိမ့်...မောနေလို့လား...ပိုဆိုးတာက အားယမ်ဆီက ကြယ်မှုန်ဆိုတဲ့ စကား၁လုံးထွက်တိုင်း ငါမျက်နှာတွေပိုပိုပူလာတာဘဲ'

"အားယမ် သဘောကျရင် ပြီးတာပါဘဲ"

ရှင်းချန်ခေါင်းငုံထားတာကြောင့် သူ့ရှေ့က ၁၃နှစ်သားလေးရဲ့ လူယုတ်မာ ပြုံးကြီးကို မမြင်လိုက်ပေ။

££££££££

နှစ်ယောက်သား အနီးနားရှိ မြို့၁မြို့၏ တည်းခိုခန်းတွင် ဝင်တည်းလေသည်။ဘယ်နှခန်းယူ မလဲမေးသောအခါတွင် ရှင်းချန် အခက်တွေ့လေတော့သည်။ သူ့ရဲ့ ပြားကပ်ကပ် ပိုက်ဆံအိတ်လေးကို ကိုင်ရင်း တွေဝေမိနေလေသည်။

Back to the beginning (Completed)Where stories live. Discover now