《Zawgyi》
ရွှယ်ယမ် ပြန်လာတဲ့အခါ အားချင်ပြောပြချက်အရ ဆုံ့လန်နောက်လိုက်သွားကြောင်း သိရသောအခါ ဒေါသထွက်ပေမဲ့ အစောကလို ပေါက်ကွဲလိုစိတ်လဲမရှိတော့ ရင်ထဲဆို့နင့်နေကာ နာကျင်နေမိသည်။ ထိုခံစားချက်ကြီးကို ရွှယ်ယမ်သဘောမကျပါ...ရွှယ်ယမ် ဆုံ့လန်ကို မုန်းသည်...ဘာကြောင့်ဆိုတော့ အနှီလူ၏ ချစ်ခြင်းတွေကို ရထားသဖြင့် အနှီလူကို အမြဲ မိမိဆီမှ လုလုသွား၍...အရင်ဘဝ ပထမဆုံးအကြိမ် အနှီအဖြူရောင် လူသားကိုတွေ့မိစဉ်က ထိုသူ၏ အာရုံစိုက်မှုကို လိုချင်ခဲ့မိသည်။ ကြင်နာတတ်မည့်ပုံပေါ်သော ထိုသူက မိမိကိုတော့ လက်စားချေရခြင်း အကြောင်းကို မစုံစမ်းမမေးမြန်းဘဲ ဖမ်းခေါ်သွားသောအခါ စိတ်ထဲအားမရဖြစ်မိသည်။ ထိုသူရဲ့ နားလည်ပေးမှုကို လိုချင်ခဲ့သည်...ထိုကြောင့်လည်း မိမိ၏ မသိစိတ်ထဲမှာ နာကျင်ရသည်ကို သူများကိစ္စဝင်စွက်ဖက်သော လူကောင်းများကို အမြင်ကပ်သည်ဟု ခေါင်းစဉ်တပ်ကာ လက်စားချေခဲ့သည်။ ထိုသူကို တိုက်ရိုက်မနာကျင်စေရက်သဖြင့် ထိုသူနှင့် အနီးစပ်ဆုံး ဆုံ့လန်ကို ထိခိုက်အောင်လုပ်ခဲ့သည်။ မနာလို၍လည်း ပါကောင်းပါ ပါလိမ့်မည်။
ထို့နောက် နှစ်အနည်းငယ်ကြာပြီးနောက် မိမိဒဏ်ရာအပြင်းအထန်ရနေချိန်တွင် ကံတရားက ထိုသူနှင့် ထပ်မံဆုံဆည်းစေခဲ့ပြန်သည်။ ရိုးသားဖြူစင်လွန်းသော ထိုလူသားက မိမိကို မည်သူမည်ဝါပင်မမေးဘဲ ဆေးကုပေးစောင့်ရှောက်ပေးထားခဲ့သည်။ ရွှယ်ယမ်ဘဝတွင် ထိုသူက တစ်ဦးတည်းသော ဘာမှပြန်မမျှော်လင့်ဘဲ နွေးထွေးသည့် အကြင်နာတရားနှင့် မိသားစုဟူသော ခံစားချက်ကို ပေးတဲ့သူဖြစ်သည်။ သူ ယီမြို့သားများကို ဖုတ်သွင်းခဲ့သည် အဘယ်ကြောင့်ဆိုသော် ရှင်းချန်ကို အကန်းဆိုပြီး လှောင်ရယ်ခဲ့ကြ၍...လှည့်စားပြီး ထိုသူလက်နှင့် ကိုယ်တိုင်သတ်စေခဲ့သည် အဖြစ်မှန်ကို သိတဲ့တနေ့ သူနှင့် လက်သွေးစွန်းနေတာခြင်းတူသည်ဟုဆိုကာ သူ့အနားတွင်သာရှိနေရန်...သူဆုံ့လန်ကို သတ်ခဲ့သည်...အဘယ့်ကြောင့်ဆိုသော် မိမိထံမှ အနှီလူသားကို လုယူခေါ်သွားရန်လုပ်သဖြင့် ဖြစ်သည်။ အခုလည်း အနှီဆုံ့လန်ဆိုသူကို သူထပ်သတ်ချင်ပါသည်...သို့သော်လည်း သူ ဆုံ့လန်ကို သတ်လိုက်ပါက သူ့ကို ရှင်းချန် အရင်လို မုန်းတီးသွားမှာ မလိုလားပါ...အရင်ဘဝကလို ရှင်းချန် ထပ်သတ်သေသွားမှာကို ကြောက်မိပါသည်။
BINABASA MO ANG
Back to the beginning (Completed)
FanfictionCathရဲ့ Second XueXiao လေးပါ😁။ အရင် fanfic မှာက XueYang ကို time travel အနေနဲ့ရေးထားပြီး အခု fanfic မှာတော့ XXC ကို Rebirth အနေနဲ့ ရေးထားပါတယ်နော်😁 HE လား ~SE လား~ 🤔။ ကိုယ်တိုင်ဘဲ ဖတ်ကြည့်လိုက်ကြပါ😁😇