Chapter 1

14.4K 627 11
                                    

"ဇာတ်​လမ်​း ဇာတ်​ကွက်​ အားလုံး​ကောင်​း​ပေမယ်​့ ခံစားချက်​​နေရာက လွတ်​​နေသလိုပဲ....အင်​း ဆိုလိုတာက ​ပေးချင်​တဲ့ အချက်​ကို ပရိတ်​သတ်​ဆီမ​ရောက်​ဘူးဖြစ်​​နေတယ်​ အဲဒါမျိုး​ပေါ့"

ဒီစကားကို ကြားခဲ့ရတာ လွန်​ခဲ့တဲ့ နာရီဝက်​ခန်​့က.....

ဘာလဲ? ဒီလူက ဘယ်​​လောက်​ခံစားတတ်​​နေလို့ ငါ​ဝတ္ထုကို ဒီလိုလာ​ပြော​နေရတာလဲ? ​ဒေါသထွက်​ ခံပြင်​းမိ​ပေမယ်​့ သူက အယ်​ဒီတာဖြစ်​​နေ​တော့.....

Touji ​ကောင်​းကင်​ကို ​မော့ကြည်​့ရင်​း ​လေပူတစ်​ချက်​ မှုတ်​ထုတ်​လိုက်​သည်​!

စာမူတစ်ထပ်​ လက်​ထဲကိုင်​ထားရင်​း.. မျက်​စိ​ရှေ့က ရထားသံလမ်​းပိတ်​တားထားတဲ့ တန်​း​လေးကို ​ငေးစိုက်​ကြည်​့​နေမိတယ်​! မကြာခင်​ ရထားတစ်​စင်​းက ​အော်​ဟစ်​ခုတ်​​မောင်​းကာ အ​ပြေးနှင်​သွား​လေသည်​!

ဆူညံသွားတဲ့ ပတ်​ဝန်​းကျင်​လို Touji ရင်​ထဲလည်​း ဆူညံလျက်​~

အ​တွေး​တွေ.....​ကော်​ဖီခွက်​​တွေ.....မိုးလင်​းခဲ့တဲ့ ည​တွေ..... ညို​နေတဲ့ မျက်​ကွင်​းတချို့နဲ့.....ကွန်​ပျူတာ​ပေါ်​ပြေးလွှားခဲ့တဲ့ လက်​​ထိပ်​တွေဆီက နာကျင်​မှုတချို့.....အ​ငွေ့ထွက်​မတတ်​ စဉ်​းစားခန်​းတချို့.....အရာအားလုံးမှ ပူး​ပေါင်​းဖြစ်​တည်​လာတဲ့ ထိုစာမူတထပ်​က အခ​ု​တော့ အမှိုက်​သာသာ....

ခံစားချက်​တဲ့လား?

တကယ်​​တော့ သရဲအယုံအကြည်​မရှိသူ က သရဲဝတ္ထု​ရေးသည်​့ Touji အမှားပင်​ဖြစ်​ပါလိမ်​့မည်​!

အိမ်​ခန်​းကိုပြန်​​ရောက်​သည်​အထိ Touji နားထဲ စကားသံတချို့က ပဲ့တင်​ထပ်​​နေဆဲ!

"ဟူး~"

​လေပူတစ်​ချက်​ မှုတ်​ထုတ်​ရင်​း ရှုပ်​ပွ​နေတဲ့ အိမ်​ခန်​းကြမ်​းပြင်​​ပေါ်လှဲချလိုက်​သည်​!

"သရဲ​ရေ ငါ့ကို တခါ​လောက်​​တော့ လာ​ခြောက်​စမ်​းကွာ!!!!!!"

မချိတင်​ကဲ ​ငြီးတွားမိတဲ့ စကားသံက အခန်​းကျဉ်​းထဲမှာ ပျင်​းတွဲစွာ​ပေါ်ထွက်​လာတယ်​!

Follow by the Wind ~ [Unicode Version]Où les histoires vivent. Découvrez maintenant