Until The End ( Part-2)
၂၀၀၁ခုနှစ်၊မတ်လ (၇)ရက်နေ့..
လင်းသစ်နှင့် ယဉ်မျိုးတို့ ခိုးပြေးပြီး(၃)ရက်အကြာ.."ကျွန်မတော့ လုံးဝသဘောမတူနိုင်ဘူးနော်"
"မအေးဆွေရယ်.. ကလေးတွေက ခိုးတောင်ပြေးပြီးပြီကော.. မင်းကသမီးရှင်နော်..."
"အို...မသိဘူး.. ကျွန်မသမီးက လင်းသစ်လိုကောင်နဲ့မတန်ဘူး ကျွန်မဒါဘဲသိတယ်..."
"ခက်တော့နေပြီမအေးဆွေရယ်..."
"မသိဘူးတော်..မသိဘူး.. ဟီးဟီး..ဟီး..ကျွန်မမှာ ဒီသမီးလေးတစ်ယောက်ရှိတာတော့်.. ဟီးဟီး... အခုတော့..အခုတော့...ဟီးဟီး"
"ဟင်း......"ဦးလှမျိုး.. သက်ပြင်းချလိုက်မိသည်။ တစ်မနက်ခင်းလုံး..သူ့မိန်းမဒေါ်အေးဆွေကိုနားချနေရသည်မှာ အလွန်ပင်ပန်းနားပူနေပြီဖြစ်လေ၏။ မနက်ဖန်ညနေဆိုလျှင်.. လင်းသစ်တို့ဘက်မှ လူကြီးစုံရာ ရပ်မိရပ်ဖတို့နှင့် သမီးအပ် လာကြတော့မည်မဟုတ်လား။ မိန်းမဖြစ်သူဒေါ်အေးဆွေက သဘောမတူဟု တဂျီဂျီလုပ်နေသဖြင့်.. စိတ်တော်တော်ညစ်နေရပြီဖြစ်သည်။ သူ့မိန်းမလိုဘဲ.. သူ့သမီးကို.. တော်တော်ချစ်ပါသည်။ သို့သော်လည်း ပြင်မရနိုင်တော့သည့် အခြေအနေမို့ မိန်းကလေးရှင်ဘက်က ခေါင်းငြိမ့်ရုံမှ လွဲ၍မတတ်နိုင်ပေ။
ဒေါ်အေးဆွေက.. သူရွှေလိုဥထားရသော တစ်ဦးတည်းသောသမီးချောလေးကို တရွာတည်းသား ဘာမှမဟုတ်သည့် ကျောင်းသားလေးတစ်ဦးနှင့် ခိုးပြေးကြသည်ဖြစ်၍ ဝမ်းနည်းပက်လက်ဖြစ်နေလေသည်။
ဒေါ်အေးဆွေမှာငယ်ကတည်းကပင် သမီးအပေါ်၌ ဖူးဖူးမှုတ်ထားပြီး..အရွယ်ရောက်လာသောတစ်နေ့..ပညာတတ် ၊ ရုပ်ချော၊ အသိုင်းအဝိုင်းတောင့်သော ချမ်းသာသည့် လူမျိုးနှင့် ကံအကြောင်းပါမည်ဟု တထစ်ချတွေးထားသူပင်။
ထိုအတွေးများကြောင့်..သူမ ပိုကြေကွဲရခြင်းဖြစ်လေသည်။လင်းသစ်ဆိုသည့်ကောင်လေးမှာ ရုပ်ကလေးချောသည်ကလွဲလျှင်.. သူမှန်းထားသည့် စံနှုန်းများနှင့် လားလားမှမဆိုင်..မိသားစုချမ်းသာမှု့ကလဲ သူတို့ထက်စာလျှင်.. ဆင်းရဲသူ၊ အလုပ်အကိုင်ကြည့်လိုက်လျှင်လဲ ကျောင်းတက်နေသည်မို့ အလုပ်မရှိ၊ ဒီကြားထဲ ကောင်လေးကအူတူတူအတတပုံနှင့် မိမိသမီးကသာ ဦးဆောင်ရမည့်အဖြစ်မျိုး၊ ဒေါ်အေးဆွေ.. တွေးလေတွေးလေ.. ဒေါသထွက်လာလေ၊ ပိုစိတ်ဆင်းရဲလာလေဖြစ်ကာ.. အံကြိတ်လိုက်.. မျက်ရည်ကျလိုက်.. တစ်ဦးတည်းဖြစ်ပျက်နေလေတော့သည်။
YOU ARE READING
Until The End (Complete)
RomanceUntil The End ဟိုး..မှာမြင်နေရတဲ့ အပြာရောင်မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပါ... သူ့မှာ အဆုံးသတ်တွေမရှိဘူး.. အဲ့လိုဘဲ ညီ့အချစ်တွေကလဲအဆုံးသတ်မရှိ ထာဝရအတွက် ဖြစ်တည်လာခြင်းပါ ဦးငယ်...။ ညီနေခ အချစ်ဆိုတာ..မပြေ...