Until The End (Part-15)

4.7K 476 20
                                    

Until The End ( Part-15)

၂၀၁၈ခုနှစ်၊ ဧပြီ ၁၀ရက်....

           "မသိဘူး..ငါက ကားနဲ့ဘဲသွားမှာ...”
           "ဦးငယ်ကလဲ... ပခုက္ကူ နဲ့ မန္တလေး ကဘယ်လောက်ဝေးလို့လဲဗျာ... ကျွန်တော့် ဆိုင်ကယ်နဲ့ဘဲသွားမယ်...”

          "အာ့ဆို မင်းဖာသာမင်းသွား... ငါကကားနဲ့သွားမယ်....”
          "ဦးငယ်ကလဲ ကလေးနဲ့တုနေတာဘဲနော်..”

           "မင်းကလေ.. မင်းဖြစ်ချင်တာ မဖြစ်ရရင် ကလေးကလေးနဲ့ ငါမပြောချင်ဘူး...”
           "နော်...ဦးငယ်ရယ်နော်...”

ညီနေခက လင်းသစ် အင်္ကျီစကိုဆွဲကာ တဂျီဂျီပြုနေသဖြင့်....လင်းသစ်က တဟားဟားထရီပြီး...

            "တော်စမ်း.. မင်းပုံက ဂိုဏ်းစတားပုံနဲ့ လာချွဲနေတာ..ရီချင်စရာကြီး...အဟင်း...”
            "ဦးငယ်ကမှ ညီ့ကိုအလျော့မပေးတာ.. အေးနော် သဘောမတူသေးရင် ခြေနှစ်ချောင်းပွတ်ပြီး ထိုင်ငိုပြလိုက်မယ်...”

ညီနေခ ၏ စကားကြောင့် လင်းသစ်အူလှိုက်အသည်းလှိုက်ရီလိုက်ကာ...

             "အေး..အေးပါကွာ.  ခြေနှစ်ချောင်းပွတ်ပြီးတော့တော့မငိုလိုက်ပါနဲ့..အခုတောင် ရီရလွန်းလို့ ဗိုက်တော်တော်နာနေပါပြီ.... အဟားဟား..ဟား..”

ညီနေခကတော့ အူလှိုက်အသဲလှိုက်ဗိုက်နှိပ်ကာ ရီနေသော ဦးငယ်ကို ပြုံးကြည့်နေခဲ့လေသည်။

ပျော်လားဦးငယ်...
ဦးငယ်သာပျော်မယ်ဆို...
ညီ.. ဂျိုကာတစ်ကောင်လို မျက်နှာပြောင်ဖို့လဲ
ဝန်မလေးပါဘူး....

သိလားဦးငယ်...
ညီဆိုတဲ့ကောင်ဟာလေ...
ဒီကမ္ဘာပေါ်မှာ ဘယ်သူ့အတွက်မှ
မျက်နှာမပြောင်ဘူးသလို...
ဘယ်သူ့ကိုမှလဲ...
ချွဲနွဲ့ ဆိုး နေတတ်တဲ့ သူမျိုးမဟုတ်ပါဘူး....

ဦးငယ်နဲ့ကျမှာသာ.....
ညီ..ဖြစ်တည်မှု့တွေ...
အားလုံးပြောင်းလဲ..သွားခဲ့တာပါ....

သိပ်..ချစ်တယ်...ဦးငယ်....။

သို့နှင့်.. ပခုက္ကူသို့ပြန်မည့်ခရီးစဉ်အား ညီနေခ၏ R-6 ဆိုင်ကယ်ဖြင့်သာ သွားကြရန် ဆုံးဖြတ်ခဲ့ကြလေတော့သည်။

နောက်တစ်နေ့နံနက်စောစော၌ လင်းသစ် လက်ဆွဲအိတ် တစ်လုံးနှင့် ညီနေခလာအခေါ်ကို အိမ်ရှေ့ထွက်၍ စောင့်နေလေသည်။ မကြာမီပင် ညီနေခရောက်လာပြီး အင်္ကျီလက်တိုလေးနှင့် လင်းသစ်ကို ကြည့်ကာ... သူဝတ်ထားသော D2ဂျာကင်လေးအားချွတ်၍ လင်းသစ် အားဝတ်ပေးလိုက်ရင်း..

Until The End (Complete) Where stories live. Discover now