Until The End ( Part-28)
ရွှေဝတ်လွှာတိုက်၊ တတိယထပ် ညီနေခ၏ အိပ်ခန်းတွင်း၌ ဒေါ်အေမီစိုးက သူ့ပေါင်ပေါ်ခေါင်းတင်ကာ လှဲအိပ်နေသည့် ညီနေခ၏ ဆံပင်ကို ခပ်ဖွဖွပွတ်သပ်ပေးနေမိသည်။ သူ့ချစ်လှစွာသော မြေးလေးသည် ငယ်စဉ်ကတည်းက မိဘများ၏ ပြသနာများကြားတွင် အရိုင်းဆန်စွာကြီးပြင်းခဲ့သူ ၊ အထီးကျန်စွာကြီးပြင်းခဲ့သူ ဖြစ်မှန်း သူမသာအသိဆုံးဖြစ်သည်။ အပြင်ပန်းပုံစံ၌သာမာကျောနေသယောင် ကြံခိုင်နေသယောင်ရှိသော်လည်း ချစ်ခြင်းမေတ္တာကို ငတ်မွတ်ခဲ့ရသည့် သူမ၏ မြေးငယ်ကို သူမမရက်စက်လို။မြေးငယ်၏ စိတ်ချမ်းသာပျော်ရွှင်မှု့အတွက် သူဖြည့်ဆည်းပေးသင့်သည်ဟုတွေးမိလိုက်လေသည်။
"မြေး.. သူ့ကို သိပ်ချစ်တာဘဲလား..”
"ပြောမပြတတ်အောင်ချစ်တယ်..”
"ဖွားမြေးလေးအသက်က အခုမှ ငယ်ငယ်လေး ရှိသေးတာနော် မြေးရဲ့စိတ်တွေဒီတသက်မပြောင်းနိုင်တော့ဘူးလို့ ထင်သလား..”
"ဒီတသက်ပြောင်းမပြောင်း..ကျွန်တော်မသိဘူးဖွား.. ကျွန်တော်သိတာက အခု သူ့ကိုကျွန်တော်အရမ်းချစ်တယ် မခွဲနိုင်ဘူး သူ့ကြောင့် ကျွန်တော်ရူးတော့မလိုဖြစ်နေတယ်ဆိုတာဘဲ.. ကျွန်တော်သူ့ကို လက်မလွှတ်နိုင်ဘူး လက်လွှတ်ရမယ်ဆိုတဲ့အတွေးလေးနဲ့တင်သေမလောက်.. ခံစားနေရတယ် သေချာတာက ကျွန်တော့် သူ့ကိုအပျော်သက်သက်ချစ်တာ မဟုတ်ဘူးဆိုတာပါဘဲ”
"မြေး ဖွားမြေးကို ဘာလုပ်ပါလို့ အတင်းမတိုက်တွန်းချင်ဘူး.. ဒါပေမယ့် ဖွားဖြစ်စေချင်တာက ပြသနာကိုခေါင်းအေးအေးထားပြီးစဉ်းစားဖို့လိုတယ် ဖွားမှာမြေးဆိုလို့ မင်းတစ်ယောက်ထဲရှိတဲ့အတွက် မြေးယောက်ျားတစ်ယောက်ကိုချစ်မိမှာမလိုလားဘူး ဒါပေမယ့်လဲ မြေးစိတ်ချမ်းသာတာဘဲ ဖွားလိုလားတယ် အဲ့တာကြောင့် မြေးဘာကိုရွေးချယ် ရွေးချယ် မြေးဖက်မှာရှိနေပေးမယ် ဟုတ်ပြီလား...”
ဖွားစကားကြောင့် ညီနေခ လှဲနေရာမှ အလျင်အမြန်ထလာပြီး -
"ဖွားတကယ်ပြောတာနော်.. တကယ်နော်..”
ဟုပြောကာ ဒေါ်အေမီစိုးအား ဆွဲဖက်လိုက်လေတော့၏။ ဒေါ်အေမီစိုးက သူ့ကိုပျော်ရွှင်စွာပွေ့ဖက်လာသည့် ညီနေခကိုပြန်ဖက်လိုက်ရင်း...
YOU ARE READING
Until The End (Complete)
RomansaUntil The End ဟိုး..မှာမြင်နေရတဲ့ အပြာရောင်မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပါ... သူ့မှာ အဆုံးသတ်တွေမရှိဘူး.. အဲ့လိုဘဲ ညီ့အချစ်တွေကလဲအဆုံးသတ်မရှိ ထာဝရအတွက် ဖြစ်တည်လာခြင်းပါ ဦးငယ်...။ ညီနေခ အချစ်ဆိုတာ..မပြေ...