Until The End (Part- 4)

6.5K 664 19
                                    

Until The End ( Part -4)

၂၀၁၈ခုနှစ်၊ မတ်လ ၂၈ ရက် ည ၉နာရီ၂၅မိနစ်ခန့်..

မန္တလေးမြို့၊ မြို့သစ်.. မနော်ဟရီလမ်းပေါ်ရှိ
တိုက်အမှတ်(....) ရွှေဝတ်လွှာ အမည်ရှိ RC သုံးထပ်တိုက် အပေါ်ထပ် ခေါင်မိုးဥယျာဉ်ငယ်လေးထဲတွင်..
အဖြူရောင်ခုံတန်းရှည်လေးတစ်ခုရှိပြီးစားပွဲဝိုင်းငယ် ​လေးတစ်ခုလဲရှိနေသည်။

ထိုထိုင်ခုံပေါ်တွင် ထိုင်နေရင်း ကောင်းကင်ပေါ်မှ လမင်းကြီးအားကြည့်နေသူတစ်ဦးရှိနေသည်။ အနည်းငယ်ရှည်နေသောဆံပင်စတို့ကိုအနောက်ဖက်တွင် မမီတမှီ ဆွဲစုချည်ထားပြီး.. မမှီသောဆံပင်အချို့တို့က နားသယ်စပ်နား ကျနေသေးသည်။

ထိုသူက မျက်ခုံးထူထူ နက်နက်များကိုတွန့်ကွေးထားပြီးဆေးလိပ်တစ်လိပ်ကို ဖွာနေလေသည်။ ထိုသူကတော့ ညီနေခ ဟုခေါ်သော ရွှေဝတ်လွှာ ကျောက်စိမ်းပုတီးလုပ်ငန်းပိုင်ရှင် ဒေါ်အေမီစိုး၏ မြေးချောလေးပင်ဖြစ်တော့၏။

သူ့အကြည့်များက ကောင်းကင်ပေါ်က လမင်းကိုစိုက်ကြည့်နေသော်ငြားလဲ လမင်းကြီးအားမြင်ဟန်မတူ။ အတွေးစတစ်ခုထဲမျောနေဟန်ရှိပြီး..လက်ထဲမှ ဆေးလိပ်တိုကို ပစ်ချကာ ခြေထောက်နှင့်နင်းခြေလိုက်လေသည်။

ထို့နောက် ဘေးစားပွဲပေါ်မှ ဖုန်းကိုယူလိုက်ကာ သီချင်းဖွင့်ပြီး..ခုံပေါ်ပြန်တင်လိုက်လေသည်။ Martin Garrix နှင့် David Guetta၏ So Far Away သီချင်းသံသဲ့သဲ့က ပတ်ဝန်းကျင်အနှံ့ ပြန့်လွင့်နေသည်။

Light them up... Light them up..
(Tell me were you are...)2
Summer nights, Bright lights
And shooting stars, they break my heart..

         "ဟင်း....”
ညီနေခ.. သက်ပြင်းချလိုက်မိသည်။ လမင်းကြီးကို ငေးကြည့်နေသည့်တိုင်.. စိတ်ကထင်နေ၍ ပဲလားမသိ။လမင်းတွင်ပေါ်နေသော ထိုအရိပ်ရှင်၏ ပုံရိပ်လွှာက သူ့ဘယ်ဖက်ရင်အုံကို လှုပ်ခတ်သွားစေသယောင်ပင်။  ယောက်ျားသားတစ်ယောက်ပုံရိပ်ကို ဤမျှအချိန်ကြာ စိတ်ထဲစွဲထင်နေသည်မှာ ဖြစ်သင့်သည့်ကိစ္စမဟုတ်မှန်းသူသိသည်။

ညီနေခ ဆိုသည့်သူ့ဘဝတွင် ဘယ်သူ့ကိုမှ နှစ်ခါပြန်လှည့်မကြည့်တတ်သလို..သူငယ်ချင်းတွေကလွဲပီးမည်သူ့မျက်နှာကိုမှ ဦးနှောက်ထဲထည့်မှတ်ထားတတ်သည့်လူစားမျိုးမဟုတ်ခဲ့။ သို့ပေမယ်..ယခု အခြေအနေက သူ့ဖြစ်တည်မှု့တိုင်းကိုလွဲချော်သွားသကဲ့သို့ပင် ခံစားနေရသည်။

Until The End (Complete) Where stories live. Discover now