Until The End ( Part-31)
လင်းသစ်က ညီနေခမျက်ဝန်းများထဲ ခပ်စူးစူးပြန်ကြည့်လိုက်ရင်းအေးစက်စွာပြောလိုက်သည်က-
"မင်းလိုချင်တဲ့အရာ ငါ့ဆီမှာမရှိတော့ဘူး ငါဆိုတဲ့ကောင်ရဲ့ အသည်းနှလုံးက ခံစားချက်မရှိဘူး အဲ့ဒီတော့ ငါဆီက ဘာကိုမှမမျှော်လင့်ပါနဲ့ ငါအခုချိန်ထိမင်းကို မမုန်းသေးဘူး ဒါပေမယ့် ငါမုန်းလာအောင်လဲဖိအားတစ်ခုမှ မပေးပါနဲ့ ငါတို့ရဲ့ပက်သက်မှု့တွေကို အဆုံးသတ်ကြရအောင် ... မင်း သွားလိုက်ပါတော့.. ”
ဟူ၍ ပြတ်သားစွာပြောကာ သူ့အိမ်ထဲ ဝင်သွားခဲ့လေသည်။ ထို့နောက် တခါးမပိတ်ခင်-
" ဘယ်လိုမှမဖြစ်နိုင်တဲ့ အချစ်တွေကို စွန့်လွှတ်လိုက်ပါ ငါ နှုတ်ဆက်ပါတယ်ညီ.. Good Bye Nyi”
ဟုဆိုကာ အိမ်တခါးကိုပိတ်လိုက်လေတော့၏။
ညီနေခက ဦးငယ်ဟု တွင်တွင်ခေါ်ရင်း တခါးဝကို တဘုန်းဘုန်းနှင့် ထုနေလိုက်သော်လည်း လင်းသစ်ကကတော့ ငြိမ်သက်တိတ်ဆိတ်နေခဲ့လေသည်။"ဦးငယ်..ဦးငယ်..ဟင့်အင်း ညီမစွန့်လွှတ်နိုင်ဘူး ညီ့ကိုနှုတ်မဆက်ပါနဲ့ ညီ့ကို မရက်စက်ပါနဲ့ ဦးငယ်.. ညီတောင်းပန်ပါတယ်... ဦးငယ် ဦးငယ်..အား..ဟား.. ”
ညီနေခ လက်သီးဆုပ်များက တခါးဝပေါ်တဘုန်းဘုန်းနှင့်ကျရောက်နေပြီးနောက် တခါးကိုသူ့နဖူးနှင့်ထိကပ်လိုက်လေသည်။ စို့နင့်လာသော နှလုံးသား၏ ခိုင်းစေချက်ကြောင့် မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာခဲ့ပြန်သည်။
ထို့နောက်ညီနေခ အံကိုတင်းတင်းကြိတ် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း တခါးပေါ်နဖူးထိကပ်ထားလျက်ပင် ခြေထောက်များ တဖြည်းဖြည်း ညွတ်ကျသွားခဲ့လေတော့သည်။
ဦးငယ်.. နှုတ်ဆက်ခဲ့လေပြီ....။
.................................
ညီနေခ သုံးလအတွင်းမသောက်ဖြစ်တော့သော ဆေးလိပ်ကို ပထမဦးဆုံးအကြိမ် သောက်မိခဲ့လေပြီ။
"ဖူး....”
သူ့နှုတ်ဖြားမှ မှုတ်ထုတ်လိုက်သည့် အဖြူရောင် မီးခိုးငွေ့များကို ငေးရီစွာကြည့်ရင်း နောက်ထပ်တစ်ကြိမ် ဆေးလိပ်ကိုထပ်ဖွာလိုက်သည်။
YOU ARE READING
Until The End (Complete)
RomanceUntil The End ဟိုး..မှာမြင်နေရတဲ့ အပြာရောင်မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပါ... သူ့မှာ အဆုံးသတ်တွေမရှိဘူး.. အဲ့လိုဘဲ ညီ့အချစ်တွေကလဲအဆုံးသတ်မရှိ ထာဝရအတွက် ဖြစ်တည်လာခြင်းပါ ဦးငယ်...။ ညီနေခ အချစ်ဆိုတာ..မပြေ...