Until The End ( Part-30)

4.7K 425 14
                                    

Until The End ( Part-30)

ဇူလိုင်လ၏ မိုးရေစက်များက ကောင်းကင်ပေါ်မှအတားအဆီးမဲ့ တဝေါဝေါပြိုဆင်းနေကြသည်။ ထိုမိုးရေများအောက်တွင် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေရင်း လူသူကင်းမဲ့နေသော အိမ်လေးထဲ မမှိတ်မသုန်စိုက်ကြည့်နေသော ညီနေခ။ အေးစက်စိုရွှဲနေသော မိုးရေစက်များကို ခံစားမိဟန်မတူ။ သူ့မျက်နှာပေါ်မှ အမူအရာများကိုမြင်မိလိုက်သည်နှင့် ရည်ရွယ်ချက်ကင်းမဲ့နေသော အရှုံးသမားတစ်ယောက်ပုံမှန်းသိသာလွန်းနေခဲ့သည်။

ထိုစဉ်သူ့အနီးအနားသို့ ကားတစ်စီးထိုးရပ်လာပြီး ကားပေါ်မှ ထီးတစ်ချောင်းနှင့် ဒေါ်အေမီစိုးဆင်းလာခဲ့သည်။ ထို့နောက် ညီခပေါ်ထီးမိုးပေးလိုက်ရင်း-

            "မြေးညီခ.. အိမ်ပြန်ကြရအောင်ပါ...”
            "........”

စကားသံမဲ့သော တုန့်ပြန်မှု့နှင့်အတူ မိုးရေစက်တို့ကျသံနှင့် ခပ်တိုးတိုး ရှိုက်သံတစွန်းတစကို ဒေါ်အေမီစိုးကြားလိုက်ရသည်။ ထို့နောက် ညီနေခ ဒေါ်အေမီစိုးပခုံးပေါ်မှီလိုက်ရင်း...

             "ဖွား..... သူ.. တကယ်ပြန်မလာတော့ဘူး”
ဟုတီးတိုးဆိုလိုက်လေသည်။ ထို့နောက် နှစ်ယောက်သား မိုးရေထဲမှ ဖြေးညှင်းစွာ ထွက်ခွာလာခဲ့ကြလေတော့သည်။

...........................

             "ဟင်း...ဟင်း... ဦး..ဦးငယ်.. ဟင်း..ဟင်း”

ဒေါ်အေမီစိုး အဖျားတက်ရင်း ကယောင်ကတမ်းရေရွတ်နေသော မြေးညီခကို ကြည့်ရင်း မျက်ရည်စများဝေ့ဝဲတတ်လာခဲ့သည်။ လင်းသစ်ထွက်သွားသည်မှာ လေးရက်မြောက်နေ့ပင်ရှိနေခဲ့ပြီဖြစ်သည်။ သူထွက်သွားခဲ့သည့်နေ့မှ စ၍ အညှိုးကြီးသော ဇူလိုင်မိုးကလည်း နေ့စဉ်ရက်ဆက် ရွာနေခဲ့သည်။

ညီနေခမှာ နေ့တိုင်းလိုလို မနက်မှညတိုင် လင်းသစ်အိမ်ရှေ့တွင်ရပ်ကာ လင်းသစ် ပြန်အလာကိုမျှော်နေခဲ့သည်။ဒီနေ့တွင်တော့ လင်းသစ်အိမ်မသွားနိုင်တော့ဘဲ နေ့စဉ်မိထားသောမိုးရေကြောင့် အဖျားကြီးဖျားကာ ကယောင်ကတမ်းပင်ဖြစ်နေခဲ့ရရှာလေသည်။

ဒေါ်အေမီစိုး ကျစ်ကျစ်တောက်ပူနေသည့် ညီနေခ နဖူးပေါ် ရေအေးဝတ်စ တင်ပေးရင်း အခန်းထဲမှ ထထွက်လာခဲ့လိုက်သည်။ ထို့နောက် သားဖြစ်သူရဲသွေးနီ၏ အခန်းဆီသို့ထွက်ခဲ့လိုက်၏။

Until The End (Complete) Where stories live. Discover now