Until The End (Extra-2)
ညီခ သခွားနုရောင် လူသားလေးအနီးသို့ အလျင်အမြန်ပြေးလာခဲ့ပြီးနောက် ထိုသူ၏ လက်ကောက်ဝတ်ကိုဖမ်းကိုင်လိုက်ရင်း...
"ဦးငယ်...”
ဟုခေါ်လိုက်မိလေသည်။ ညီခလက်များက ထိုသူ့လက်ကိုဖမ်းဆုပ်ကိုင်လိုက်သည်နှင့် ထိုသူသည်လည်းညီခကို လှည့်ကြည့်လာလေသည်။ညီခ ထိုသူ့၏ မျက်နှာလေးကို မမှိတ်မသုန်ငေးမောကြည့်နေရင်း..
မပြောင်းလဲဘူး...
ဦးငယ် ဘာမှမပြောင်းလဲဘူးပဲ...
မျက်ဝန်းဝိုင်းဝိုင်းလေးတွေ..
နှုတ်ခမ်းဖူးဖူးလေးတွေ..
ပြီးတော့ ဆံပင်ထူအုပ်အုပ်လေးတွေ..
အား... ညီ့ရဲ့ ဦးငယ်ရေ...
ဦးငယ် ညီ့ကိုနောက်တစ်ကြိမ် အခွင့်အရေး
ပေးခဲ့ပြီလား.. ညီ ပြင်ဆင်ခွင့်ရခဲ့ပြီလားဟင်..ဟူသောစကားများကိုစိတ်ထဲမှ တတွတ်တွတ်ဆိုနေမိပြီး ထိုသူ့မျက်နှာလေးကို မလွတ်တမ်းငေးကြည့်နေမိလေသည်။
ထိုသူက သူ့လက်ကောက်ဝတ်ကိုဖမ်းကိုင်ထားရင်း ဝမ်းသာခြင်းအတိလွှမ်းနေသောမျက်ဝန်းတို့ဖြင့် မမှိတ်မသုန်ကြည့်နေသည့် ညီခကို မျက်မှောင်ကုပ်ကြည့်လိုက်ရင်း..
"ဘယ်သူလဲမသိဘူးနော်.. ငါ့ညီ လူမှားနေပြီထင်တယ်”ဟူ၍ ဆိုလိုက်လေ၏။ထိုသူ၏ စကားသံအဆုံးတွင် ညီခ မျက်နှာအနည်းငယ်ပျက်ယွင်းသွားပြီး သူဖမ်းကိုင်ထားသော ထိုသူ၏ လက်ကောက်ဝတ်ကိုလဲလွှတ်ပေးလိုက်မိလေသည်။ ထို့နောက်...
"ဦး..ငယ်... ဦးငယ်မဟုတ်ဘူးလားဟင်???”
"ဦးငယ်????.. ဘယ်သူကလဲ ကိုယ်ကလား.. ညီ မင်းလူမှားနေပြီထင်တယ်.. ကိုယ်က မင်းပြောတဲ့သူမဟုတ်ဘူး.. ပြီးတော့ မင်းကိုလဲ ကိုယ်မသိဘူးကော”
ညီခ သူမြတ်နိုးရပါသော ဦးငယ်ဟု ထင်မှတ်ထားမိသော လူသားလေး၏ စကားကြောင့် သူ့ရင်ထဲကအပျော်များ လွင့်ပြယ်သွားရပြန်၏။ နောက်တစ်ကြိမ် ဆိုသော သူမျှော်လင့်ခဲ့ရသည့် ကံတရားက သူ့ဆုတောင်းကို ကျီစယ်မှု့ပြုလေပြန်ပြီထင်သည်။
တဆစ်ဆစ်နာလာသည့် ရင်အစုံနှင့် ထိုသူကလေးကိုငေးကြည့်နေမိသည်။ သူ့ရှေ့တွင်ရှိနေသော ထိုလူသားကလေးက သူချစ်ရသော ဦးငယ်မဟုတ်ဘူးဆိုသော စကား။ ဦးငယ်မှ ဦးငယ်ဆိုရမလို တစ်ပုံတည်းတူနေသည့် ထိုလူ...။ ညီခ သူ့ခေါင်းကိုလက်နှစ်ဖက်ဖြင့် ဖိအုပ်ရင်း....
YOU ARE READING
Until The End (Complete)
RomanceUntil The End ဟိုး..မှာမြင်နေရတဲ့ အပြာရောင်မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပါ... သူ့မှာ အဆုံးသတ်တွေမရှိဘူး.. အဲ့လိုဘဲ ညီ့အချစ်တွေကလဲအဆုံးသတ်မရှိ ထာဝရအတွက် ဖြစ်တည်လာခြင်းပါ ဦးငယ်...။ ညီနေခ အချစ်ဆိုတာ..မပြေ...