Until The End ( Part -3)

7.3K 690 17
                                    

Until The End ( Part -3 )

လင်းသစ် စန်းညိုကိုနှုတ်ဆက်ပြီးနောက် ဆိုင်ကယ်ထားရာနေရာသို့ လျှောက်လာခဲ့လိုက်သည်။ မန္တလေးကဲ့သို့မြို့ကြီးတွင် တစ်နေရာမှတစ်နေရာသွားလာလျှင် ဆိုင်ကယ်တစ်စီးရှိမှဖြစ်သည်။ ထိုအတွက် လွန်ခဲ့သော သုံးနှစ်ခန့်ရတနာပုံတက္ကသိုလ်ကို အပြောင်းကျပြီး.. မကြာမီပင် Super Cub ကျောက်စိမ်းရောင်လေးတစ်စီးအား.. သူဝယ်ခဲ့လိုက်သည်။

ကျောင်းအရှေ့ဘက်ခြမ်း.. ဆိုင်ကယ်ရပ်နားရာနေရာရောက်သော် သူ့စီးတော်ဆိုင်ကယ်စိမ်းလေး၏ ​ရှေ့ခြင်းထဲ စာအုပ်တချို့နှင့်လက်ဆွဲအိတ်ကိုစီထည့်ပြီးနောက်ဆိုင်ကယ်စီးကာ ကျောင်းမှ ပြန်ခဲ့လိုက်တော့၏။

အိမ်ကိုပြန်ရောက်သည်နှင့် နေ့စဉ်လုပ်နေကြအတိုင်း ခနတဖြုတ်နား..ရေအဝသောက်ကာညစာအတွက်ပြင်ဆင်လိုက်သည်။ ထို့နောက်..ရေမိုးချိုးရန်ရေချိုးခန်းသို့ဝင်ခဲ့လိုက်သည်။ မတ်လ၏ အပူချိန်ကြောင့် ရေကိုအားရပါးရခေါင်းပေါ်မှ လောင်းချိုးပြီးနောက်.. ညနေစာစားရန်စားပွဲတွင်ထိုင်လိုက်မှ သူသတိရမိသွားသည်။

"အာ... ကော်ဖီကုန်နေပြီဘဲ...."

လင်းသစ်၏ အကျင့်တစ်ခုက ထမင်းစားပြီးတိုင်း ကော်ဖီတစ်ခွက်သောက်ရမှ ကျေနပ်သူဖြစ်သည်။ သူကဆေးလိပ် ၊အရက် ၊ကွမ်းစတာတွေကို တစ်ခုမှ မလုပ်တတ်မစားတတ်သော်လည်း.. ကော်ဖီကတော့ သူအကြိုက်ဆုံး အရာပင်ဖြစ်သည်။ ကော်ဖီမရှိလျှင်နေတတ်သူမဟုတ်ပေ။

ထို့ကြောင့် ညနေစာအား.. အုပ်စောင်းလေးဖြင့်အုပ်ခဲ့ပြီးနောက် အနီးနားက စတိုးဆိုင်တစ်ဆိုင်တွင် ကော်ဖီဝယ်ရန် ထွက်လာခဲ့လိုက်လေသည်။

လင်းသစ်တစ်ယောက် ပူလွန်းသော မန္တလေးအပူကြောင့် အင်္ကျီဂျိုင်းပြတ်အပြာရင့်ကလေးနှင့် ကွာတားဘောင်းဘီ ဖြူပွပွလေးအားဝတ်ဆင်ထားသည်။ ကျောင်းသွားလျှင် hair cream ကိုသေသပ်ပိရိစွာ ဖြီးလိမ်းထားသော်လည်း..ယခုမူ ရေချိုးပြီးခေါင်းလျှော်ပြီးစမို့ ဆံပင်ခပ်အုပ်အုပ်ကလေးများကို ဒီတိုင်းထားထားလိုက်သည်။

ခပ်အုပ်အုပ်ဆံပင်ပျော့ပျော့လေးများက လင်းသစ်မျက်နှာပေါ်တွင် ဖရိုဖရဲအုပ်နေကြပြီး.. လင်းသစ်၏ ပုံစံကိုကလေးဆန်သွားစေသည်။ မသိလျှင် ဆယ်ကျော်သက် လူငယ်ပေါက်စလေးတစ်ဦးလိုပင် ဝါဝါနုနုလူပျိုချောလေးဟု ထင်မှားစရာကောင်းနေသည်။

Until The End (Complete) Where stories live. Discover now