Until The End (Extra-3)

5K 376 18
                                    

Until The End (Extra-3)

မမယုဝေ နှစ်ထပ်အိမ်၏ လှေကားရင်းတွင် ရပ်တန့်လျက် လင်းသစ်နှင့်အတူပါလာသော ညီခကို တအံတဩ ကြောင်ကြည့်နေမိသည်။ ညီခကလဲ မမယုဝေကို မဝံမရဲသော မျက်ဝန်းတို့ဖြင့် လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူ့ရှေ့တွင်ရှိနေသော လင်းသစ်က ညီခကိုလှည့်ကြည့်ရင်း..
            "လာလေ ညီ မင်းနဲ့မမယုဝေနဲ့ ရင်းနှီးပြီးသားမဟုတ်လား လာထိုင်”

ဟုဆိုကာ အိမ်အောက်ထပ်မှသစ်သားစားပွဲခုံရှည်နှင့် ထိုင်ခုံရှည်ရှိရာသို့ညွှန်ပြလိုက်လေသည်။

           "ဟုတ်...”

ထိုအချိန်မှ မမယုဝေလဲ လှေကားမှဆင်းလာပြီးနောက်  ပျက်ယွင်းနေသောသူ့မျက်နှာကို ချက်ခြင်းပြင်လိုက်ကာ...
             "အော.. ညီခ.. အဟင်း အလည်လာတာလား..”

ဟုမေးမြန်းကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်လေသည်။ ထို့နောက် လင်းသစ်က...
           "မမ ကျွန်တော် ဧည့်သည်အတွက် တစ်ခုခု သွားဝယ်လိုက်အုံးမယ်...”

            "မလို....”

            "အင်းသွားဝယ်လိုက်.. ပြီးတော့ ငါမမတင် တို့အိမ်ကပိုက်ဆံတောင်းထားတာလေးရှိတယ် အဲ့တာပါစောင့်ယူခဲ့ ”

           "အင်း..မမ ကဲ ညီရေ.. မမနဲ့စကားပြောကြအုံး”

လင်းသစ် ခြံဝန်းထဲမှ အပြင်သို့ ထွက်သွားသည် ဆိုရင်ဘဲမမယုဝေ မျက်နှာက ချက်ခြင်းတင်းမာ သွားကာ-

           "နင် ဒီကို ဘာလာလုပ်တာလဲ ညီနေခ.. ငါတို့ရဲ့ ဘဝလေးကိုထပ်ပြီး ဖြတ်ဆီးချင်သေးလို့လား အဖေရော သားရော ငါတို့အငယ်လေးဘဝကို နင်းချေလို့မဝ ကြသေးဘူးလား ဟမ်... ညီနေခရဲ့ နင်တို့က မကောင်းဆိုးဝါးအမျိုးတွေဘဲ...”

          "မမယုဝေ ကျွန်တော် တောင်းပန်ပါတယ်ဗျာ ကျွန်တော်.. ကျွန်တော် ဦးငယ်ကို ထိခိုက်စေလိုတဲ့ဆန္ဒမရှိခဲ့ရိုးအမှန်ပါ ကျွန်တော်.. ဦးငယ်ကို ဦးငယ်ကို...... ကျွန်တော့်ကိုနားလည်ပေးပါ.. မမယုဝေရယ်..”

           "နားလည်မပေးနိုင်ဘူး... ညီနေခ အခုလေ.. မင်းကြောင့် မင်းလုပ်ခဲ့တဲ့လုပ်ရပ်ကြောင့် ငါတို့မောင်နှမ နှစ်ယောက်ဆီမှာ အမေကြီးလဲမရှိတော့ဘူး ပြီးတော့ အငယ်လေးရဲ့ ဘဝလဲ အတိတ်အကြောင်းဘာမှမမှတ်မိတော့တဲ့ လူတစ်ယောက် ဖြစ်သွားခဲ့ရတယ် သူ့အလုပ်ရော သူ့အနာဂါတ်ရော ဘာမှပြန်မရတော့ဘူး ညီနေခရဲ့ အဲ့တာနင်သိလား.. နင်သိရဲ့လား.. အေးလေနင်တို့ကတော့ လုပ်ချင်ရာလုပ်ခဲ့ကြပြီး ပိုက်ဆံနဲ့ဘဲ လှပတဲ့ဘဝလမ်းကို ဆက်လျှောက်သွားကြပေါ့...ငါတို့ကတော့... အငယ်လေးကတော့.... ဟီး...ဟီး..”

Until The End (Complete) Where stories live. Discover now