Until The End ( Part -9)
သည်လိုနှင့်.. အချိန်ကာလ၏ ရာသီစက်ဝန်းများ.. တစ်ပတ်ပြီးတစ်ပတ် ကုန်ဆုံးသွားကာ ငါးနှစ်တာကာလ ကုန်ဆုံးသွားခဲ့လေပြီး.. လင်းသစ်မှာလဲ ပခုက္ကူတက္ကသိုလ်၌ Masterတန်းကိုတက်နေခဲ့ပြီဖြစ်လေသည်။
၂၀၀၆ခုနှစ်၊ ဂျူလိုင်လ ၁၅ရက်..
ပြီးခဲ့သည့်နှစ်ကဘဲ လင်းသစ်၏ အဖေမှာ အရက်ရှိန်ကြောင့် အသည်းခြောက်ရောဂါဖြင့် သေဆုံးသွားခဲ့ရပြီးနောက် အိမ်တွင် အမေကြီး၊ မမယုဝေနှင့် သူတို့သုံးယောက်သာ ရှိတော့သည်။
ကျောင်းအားရက်မို့ လင်းသစ် ရေပိုက်ဆွဲကာ သပြေခင်းကို ရေလောင်းပေးနေခဲ့သည်။ မမယုဝေက ထမင်းဟင်းချက်ပြုတ်နေပြီး.. အမေကြီးကတော့ ထုံးစံအတိုင်းဆေးလိပ်လိပ်နေလေ၏။
"အရီးမြ... အရီးမြ....”
အမေကြီးနာမည်ကို ခေါ်ရင်း ခြံထဲ သိုးသိုးသွက်သွက်ဝင်လာသည့် ကိုရင်သန်းအေး (တနည်းအားဖြင့်ဆိုသော ဆယ်ရွာဥက္ကဌ ၏ လက်စွဲတော်ကာလသားတစ်ဦး) အမေကြီးဘေးတွင်ဝင်ထိုင်ရင်း..."ဟူး...မောတာ..အရီးမြရယ်.. ရေတိုက်အုံး”
အမေကြီးက သဲထဲစပါးပင်ငုပ်စိလေးများ ထည့်စိုက် ထားသောသစ်သားအကန့်လေးအတွင်း စိမ်းစိမ်းစိုစိုစပါးပင်စုစုလေး၏ အလယ်၌ တည်ထားသည့် ရေအိုးကို မေးငေါ့ပြရင်း..."ဟိုမှာ..သောက်လေ... ဟုဆိုလိုက်လေသည်။
(အညာဒေသတွေမှာ တွေ့ရတဲ့ရေအိုးစင် တစ်မျိုးဖြစ်ပါတယ်.. သစ်သားနဲ့ဖြစ်ဖြစ် အုတ်စီလို့ပဲဖစ်ဖြစ် ရေအိုးစင်ပုံစံပြုလုပ်ထားပြီး ခပ်ကြီးကြီးအမိုးလေးတွေလဲပြုလုပ်ထားတတ်တယ်.. အဲ့အကန့်ထဲမှာ သဲစိုစိုထည့် စပါးပင်လေးတွေကိုပျိုးထားလိုက်ပါတယ်..အချိန်ကြာလို့စပါးပင်လေတွေ စိမ်းစိမ်းစိုစိုထွက်လာတဲ့အခါ အဲ့စပါးပင်တွေရဲ့အလယ်မှ မြေရေအိုးကိုထည့်ပြီး ရေအေးအေးလေးရဖို့အတွက် ထားကြပါတယ်.. စပါးပင်လေးတွေနဲ့ရံ ထားတဲ့ရေအိုးစင်ပေါ့.. တော်တော်လေးလဲ.. ရေကအေးပါတယ်...)
ကိုရင်သန်းအေး ရေသောက်ပြီးနောက် အမေကြီးက ဆေးလိပ်လိပ်ရင်းဖြင့်...
YOU ARE READING
Until The End (Complete)
RomanceUntil The End ဟိုး..မှာမြင်နေရတဲ့ အပြာရောင်မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပါ... သူ့မှာ အဆုံးသတ်တွေမရှိဘူး.. အဲ့လိုဘဲ ညီ့အချစ်တွေကလဲအဆုံးသတ်မရှိ ထာဝရအတွက် ဖြစ်တည်လာခြင်းပါ ဦးငယ်...။ ညီနေခ အချစ်ဆိုတာ..မပြေ...