Until The End (Extra-4)

6.8K 382 19
                                    

Until The End (Extra-4)

၂၀၂၀ခုနှစ်၊ ဧပြီလ ၁၃ ရက်

လင်းသစ်၏ ၃၆ နှစ်မြောက်မွေးနေ့။ ညီခ လွန်ခဲ့သော ၂၀၁၈ခုနှစ်က မွေးနေ့ပွဲလေးအတိုင်း ပခုက္ကူမျက်မမြင်ကျောင်းတွင် ပြုလုပ်ပေးခဲ့သည်။

ပြီးနောက် ရွာဦးဘုန်းကြီးကျောင်းတွင် လင်းသစ်နာမည်နှင့် တံတိုင်းတချပ်လှူပေးခဲ့သည်။ တရွာလုံးမီးခိုးတိတ် နေ့လည်စာကျွေးမွေးခဲ့သည်။

အစီအစဉ်အားလုံးကို လင်းသစ်အားကြိုမပြောပြထားခဲ့ဘဲ မွေးနေ့မနက်မှ ညနေထိတိုင် အစီအစဉ်တစ်ခုပြီးတစ်ခုပြုလုပ်ကာ အံအားသင့်စေခဲ့လေ၏။

လင်းသစ်တစ်နေ့လုံး အပျော်များဖြင့် နေလာခဲ့ပြီးနောက် ညနေပိုင်းရောက်သောအခါ..

         "ညီ... ကိုယ်မင်းကိုကျေးဇူးတင်ပါတယ် ဆိုတဲ့စကားထပ်ပိုတာမျိုး မပြောတတ်တော့လို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးဘဲပြောပါရစေ...”

         "အဟင်း.. မလိုပါဘူး ဦးငယ်.. ညီက ဦးငယ်ဆီက ကျေးဇူးတင်စကား ကြားချင်လို့ လုပ်ပေးတာမဟုတ်ရပါဘူး.. ဦးငယ်စိတ်ကျေနပ်စေဖို့ ပျော်ရွှင်စေဖို့ ဒါလေးကိုဘဲ လိုချင်မိလို့ပါ.. ဦးငယ် ပျော်ရင်ကျေနပ်ပြီ”

လင်းသစ် ညီခ၏ ခန့်ထည်သော မျက်နှာကိုငေးမောကြည့်ုပြီး ဆိုလိုက်သည်။

           "ညီ.. ငါတို့ တစ်နေရာသွားရအောင်...”

           "အင်း..သွားတာပေါ့..”

ညီခ လင်းသစ်ခေါ်ရာနောက်သို့ လိုက်ခဲ့မိသည်။ လင်းသစ်က ရှေ့မှ ဦးဆောင်သွားရင်းနှင့် ရွာ ၏ တာရိုးလမ်းပေါ်သို့ ရောက်ခဲ့ကြသည်။

နွေဦးကြောင့် တမာပင်တို့ရော်ရွက်ဝါတွေပြည့်နေပြီး တာလမ်းမထက်လဲ ရွက်ဝါများပြန့်ကြဲနေသည်။
မကြာမီပင် တာရိုးလမ်းတဝက်ခန့်ထိလျှောက်လာမိခဲ့ပြီးနောက် လင်းသစ်က အနောက်ဘက်မှမီးခိုးရောင်သမ်းနေသော ကောင်းကင်ပြင်ကိုမော့ကြည့်ရင်း...

          "ကောင်းကင်ရဲ့အနောက်ထောင့်မှာ မိုးရိပ်တွေ့တယ် သင်္ကြန်မိုးများရွာမလို့လားမသိဘူး...”

Until The End (Complete) Where stories live. Discover now