Until The End (Extra-Final)
တကယ္တမ္းေတာ့.....
ဒီေန႔က....
၂၀၂၀ ခုႏွစ္၊ မတ္လ ၂၀ ရက္ေန႔သာျဖစ္သည္။အခ်ိန္အားျဖင့္ မနက္ ၁၀ နာရီခန္႔..
ေနရာမွာ...
မႏၱေလးၿမိဳ႕၊ တံခြန္တိုင္ရပ္ကြက္....
လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန္႔က လင္းသစ္ ေနထိုင္ခဲ့ဖူးေသာအိမ္ငယ္ေလးတြင္ ျဖစ္သည္။အခန္းနံရံနားကပ္၍ ေခြေခြေလးလွဲအိပ္ေနေသာ..
ညီခ.. ရင္ဘတ္တြင္အနက္ေရာင္ ဒိုင္ယာရီ စာအုပ္ကေလးအပ္ထားရင္း...မိွတ္ထားေသာ မ်က္ဝန္းအစံုမွ မ်က္ရည္စတခ်ိဳ႕ စီးက်ေနသည္။
ထို႔ေနာက္.. သူ႔ရင္ဘက္ကိုဖိနိပ္ရင္း ကိုယ္ကိုအတင္းေကြးထားလိုက္ကာ စူးေအာင့္ေသာ ေဝဒနာကိုအံတုေနမိသည္။
ေမေမ.... ေမေမ့ဆီက အေမြရခဲ့ေသာ အရာ...
အသက္႐ႈရခက္ခဲလာခဲ့ၿပီး ရင္ဘတ္ထဲမြန္းၾကပ္လာခဲ့သည္။ရင္ကြဲသည္ ဆိုသည့္ခံစားခ်က္...
နာက်င္လြန္းလွသည္။ညီခ အားတင္းရင္း ႏႈတ္မွ ခပ္တိုးတိုးေလးေရရြတ္ေနမိသည္က....
ကိုယ့္...အခ်စ္က ...
ေတာင္..ေစာက္မွာ.. ေပါက္ေနတဲ့
ျမက္..႐ိုင္း..ပင္...ေလးေတြ...လိုဘဲ
ေဖြးေဖြး...လႈပ္...တိုးပြား..ေနတာ
တစ္ေယာက္...မွ..မသိခဲ့ဘူး......ဒါ...ေပ..မယ့္..ဦးငယ္... ညီ...အခု....သိ..ၿပီေလ..
ညီ့ကို...ေစာင့္..ေနပါ...ညီ..အဲ့ကို... လာခဲ့မယ္....ထိုအခိုက္အတန္႔၌ ညီခ ကိုယ္ကပုဇြန္ထုတ္ကဲ့သို႔ ပိုမိုေကြးသြားၿပီးေနာက္.. စကၠ႔န္အနည္းငယ္အၾကာ... ၿငိမ္သက္သြားခဲ့ေလသည္။
မ်က္ဝန္းေထာင့္မွ မ်က္ရည္ဥတို႔ ဝဲခိုေနခဲ့ၿပီးေနာက္ ျပံဳးရိပ္သမ္းေနေသာ ႏႈတ္ခမ္းဖ်ားေလးက ခ်ိဳၿမိန္ေသာအရာတစ္ခုကို ႐ွာေတြ႔ခဲ့သလို.....
ညီခ တကယ္ဘဲ...
ဦးငယ္ကို ႐ွာေတြ႔ခဲ့ေလသလား....။ကမာၻတစ္ဖက္မွာ တစ္ကယ္ပဲ ဆံုဆည္းခဲ့ေလသလား
လင္းသစ္အတြက္ စံပယ္ေတြပြင့္တာစာလြန္းခဲ့သလို..
ညီခ အတြက္ေတာ့ စံပယ္ေတြပြင့္တာေနာက္က်ခဲ့ေလသည္။#Maniekhin
(မသိဘူး သူတို႔ႏွစ္ေယာက္ ေနာင္ဘဝမွာျပန္ေတြ႔ၾကတယ္... ဒါဘဲ)
*******************
Unicode
Until The End (Extra-Final)
တကယ်တမ်းတော့.....
ဒီနေ့က....
၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့သာဖြစ်သည်။အချိန်အားဖြင့် မနက် ၁၀ နာရီခန့်..
နေရာမှာ...
မန္တလေးမြို့၊ တံခွန်တိုင်ရပ်ကွက်....
လွန်ခဲ့သော နှစ်နှစ်ခန့်က လင်းသစ် နေထိုင်ခဲ့ဖူးသောအိမ်ငယ်လေးတွင် ဖြစ်သည်။အခန်းနံရံနားကပ်၍ ခွေခွေလေးလှဲအိပ်နေသော..
ညီခ.. ရင်ဘတ်တွင်အနက်ရောင် ဒိုင်ယာရီ စာအုပ်ကလေးအပ်ထားရင်း...မှိတ်ထားသော မျက်ဝန်းအစုံမှ မျက်ရည်စတချို့ စီးကျနေသည်။
ထို့နောက်.. သူ့ရင်ဘက်ကိုဖိနိပ်ရင်း ကိုယ်ကိုအတင်းကွေးထားလိုက်ကာ စူးအောင့်သော ဝေဒနာကိုအံတုနေမိသည်။
မေမေ.... မေမေ့ဆီက အမွေရခဲ့သော အရာ...
အသက်ရှုရခက်ခဲလာခဲ့ပြီး ရင်ဘတ်ထဲမွန်းကြပ်လာခဲ့သည်။ရင်ကွဲသည် ဆိုသည့်ခံစားချက်...
နာကျင်လွန်းလှသည်။ညီခ အားတင်းရင်း နှုတ်မှ ခပ်တိုးတိုးလေးရေရွတ်နေမိသည်က....
ကိုယ့်...အချစ်က ...
တောင်..စောက်မှာ.. ပေါက်နေတဲ့
မြက်..ရိုင်း..ပင်...လေးတွေ...လိုဘဲ
ဖွေးဖွေး...လှုပ်...တိုးပွား..နေတာ
တစ်ယောက်...မှ..မသိခဲ့ဘူး......ဒါ...ပေ..မယ့်..ဦးငယ်... ညီ...အခု....သိ..ပြီလေ..
ညီ့ကို...စောင့်..နေပါ...ညီ..အဲ့ကို... လာခဲ့မယ်....ထိုအခိုက်အတန့်၌ ညီခ ကိုယ်ကပုဇွန်ထုတ်ကဲ့သို့ ပိုမိုကွေးသွားပြီးနောက်.. စက္က့န်အနည်းငယ်အကြာ... ငြိမ်သက်သွားခဲ့လေသည်။
မျက်ဝန်းထောင့်မှ မျက်ရည်ဥတို့ ဝဲခိုနေခဲ့ပြီးနောက် ပြုံးရိပ်သမ်းနေသော နှုတ်ခမ်းဖျားလေးက
ချိုမြိန်သောအရာတစ်ခုကို ရှာတွေ့ခဲ့သလို.....ညီခ တကယ်ဘဲ...
ဦးငယ်ကို ရှာတွေ့ခဲ့လေသလား....။ကမ္ဘာတစ်ဖက်မှာ တစ်ကယ်ပဲ ဆုံဆည်းခဲ့လေသလား
လင်းသစ်အတွက် စံပယ်တွေပွင့်တာစာလွန်းခဲ့သလို..
ညီခ အတွက်တော့ စံပယ်တွေပွင့်တာနောက်ကျခဲ့လေသည်။#Maniekhin
(မသိဘူး သူတို့နှစ်ယောက် နောင်ဘဝမှာပြန်တွေ့ကြတယ်... ဒါဘဲ)
YOU ARE READING
Until The End (Complete)
RomanceUntil The End ဟိုး..မွာျမင္ေနရတဲ့ အျပာေရာင္မိုးေကာင္းကင္ႀကီးကို ၾကည့္လိုက္ပါ... သူ႔မွာ အဆံုးသတ္ေတြမရိွဘူး.. အဲ့လိုဘဲ ညီ့အခ်စ္ေတြကလဲအဆံုးသတ္မရိွ ထာဝရအတြက္ ျဖစ္တည္လာျခင္းပါ ဦးငယ္...။ ညီေနခ အခ်စ္ဆိုတာ..မေျပ...