Until The End ( Part-24)
လင်းသစ်မှာ တော့ အံ့ဩမှင်သက်ခြင်းများစွာဖြင့် ကျောက်ရုပ်တစ်ရုပ်လို ဖြစ်နေခဲ့ပြီးနောက်... သူ့နှုတ်ခမ်းများကို နမ်းရှိုက်နေသော ညီနေခအားတွန်းထုတ်လိုက်ကာ.. မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့်စူးစူးရဲရဲကြည့်ကာ...
"မင်း.... မင်း.... ဘာလုပ်လိုက်တာလဲ... ဟမ်.. ဒါ.. ဒါ...ဘာသဘောလဲ...”ဟုကျယ်လောင်စွာဆိုလိုက်လေသည်။ ညီနေခက လင်းသစ်လက်များကိုပြန်ဖမ်းဆွဲလိုက်ရင်း...
"ညီ..နမ်းလိုက်တာ... ဦးငယ်ကို အရမ်းချစ်လို့..နမ်းလိုက်တာ... ညီ့ရင်ထဲမှာ ဦးငယ်ကို ချစ်နေမိလို့.. စိတ်မထိန်းနိုင်လို့နမ်းလိုက်တာ...”"မင်းရူးနေလား.....”
"ဟုတ်တယ်.. ညီရူးနေတာ.. ဦးငယ်ကိုချစ်လွန်းလို့ရူးနေတာ...သိရဲ့လား... ”ဟုဆိုကာ လင်းသစ်ကို ထပ်နမ်းရန်ပြင်လိုက်လေသည်။ လင်းသစ်က အတင်းရုန်းရင်း..ညီနေခ၏ မျက်နှာပေါ်သို့ လက်သီးတစ်လုံးဖြင့် ထိုးချလိုက်လေရာ ညီနေခ မျက်နှာလည်ထွက်သွားလေသည်။
ညီနေခ.. သူ့မျက်နှာကို လက်ဖြင့် ထိကိုင်လိုက်ရင်း..လင်းသစ်ကိုကြည့်လိုက်မိတော့..လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း.. သူ့အားမုန်းတီးစွာစိုက်ကြည့်နေသော လင်းသစ်ကိုတွေ့လိုက်ရလေတော့သည်။
ညီနေခ... ဦးငယ်၏ နဂါးမျက်စောင်းထက်ပြင်းထန်သော အမုန်းမျက်ဝန်းများကြောင့် နာကျင်စူးအောင့်သော ဝေဒနာတစ်ခု ရင်ထဲတွင်ပေါက်ဖွားလာခဲ့ရလေသည်။
ဦးငယ်...
ညီ..ညီတွေ့လိုက်ရတာ.. ညီတွေ့လိုက်ရတာ..
ဦးငယ်ဆီက အမုန်းတွေလား...
ညီ..ညီမယုံကြည်နိုင်ဘူး...
ညီ့ကို ဦးငယ် မုန်းနေခဲ့တာလား...
မုန်းခဲ့လေသလား..ဦးငယ်ရယ်....။လင်းသစ်က..သူ့ကိုယ်ပေါ်တွင် ခြုံလွှားထားသော ညီနေခ ဂျာကင်အင်္ကျီကို ဆွဲချွတ်လိုက်ပြီး.. ညီနေခ မျက်နှာသို့တည့်တည့် ပြစ်ပေါက်လိုက်ကာ...
"ငါနဲ့..ဝေးဝေးမှာနေ...”
ဟုဆိုလိုက်ကာ ခပ်ဝေးဝေးသစ်ပင်အောက်တွင် သွားထိုင်နေလေတော့သည်။အတန်ကြာအောင်... တစ်ယောက် တစ်နေရာစီ ထိုင်ကာ တွေဝေနေခဲ့ကြပြီးနောက် ည ၈နာရီခန့်၌.. မိုးများလဲ တိတ်သွားခဲ့လေသည်။
YOU ARE READING
Until The End (Complete)
Storie d'amoreUntil The End ဟိုး..မှာမြင်နေရတဲ့ အပြာရောင်မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပါ... သူ့မှာ အဆုံးသတ်တွေမရှိဘူး.. အဲ့လိုဘဲ ညီ့အချစ်တွေကလဲအဆုံးသတ်မရှိ ထာဝရအတွက် ဖြစ်တည်လာခြင်းပါ ဦးငယ်...။ ညီနေခ အချစ်ဆိုတာ..မပြေ...